News

POST TAGGED AS

အဂတိလိုက်စားမှု

ဘရာဇီးသမ္မတတီမာသည် အဂတိ လိုက်စားမှုဖြင့် စွဲချက်တင် စစ်ဆေးခံရမည့်အရေးမှ ရှောင်ရှားရန် အောက်လွှတ်တော်တွင် လုံလောက်သော မဲရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ကျပ်သိန်းသောင်းချီ မြေကွက် အရောင်းအဝယ်နှင့်ပတ်သက်၍ အဂတိ လိုက်စားမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ဆက်လက် စစ်ဆေးခဲ့ရာ တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်ကို ရဲမှူးကြီးဟောင်း ကျော်ဇေယျ၏ ရှေ့နေက အပြန်အလှန် မေးခွန်းများ ဆက်လက် မေးမြန်းခဲ့သည်။
ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားစွဲဆိုခံရသည့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန်ဟောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဖြစ်ခဲ့သူ ဦးပြုံးချို၏ အကျိုးဆောင်ရှေ့နေမှ တရားလိုဖြစ်သူအား ရုံးတော်ရှေ့တွင် အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့သည်။
ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်ဟောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးပြုံးချို အပါအဝင် ခြောက်ဦး အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူက မိတ္တူစာချုပ် နှစ်စောင်ကို ရုံးတော်သို့တင်ပြခဲ့ရာ တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေများက ဝိုင်းဝန်းကန့်ကွက်ခဲ့သော်လည်း တရားသူကြီးက သက်သေခံအဖြစ် တင်သွင်းမှုကို လက်ခံခွင့်ပြုလိုက်သည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် စုံစမ်းဖော်ထုတ်ရာတွင် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထောက်လှမ်းရေး နည်းပညာများ သင်ကြားပြသပေးရန် နှစ်ဖက် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ မြေကွက်ကိစ္စနှင့် ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထားသော ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို ယနေ့ (သြဂုတ်လ ၂၁ ရက်) မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့သည်။
အဂတိလိုက်စားမှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ရုံးထုတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းထက်နိုင် (ယခု ရဲအုပ်) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားရုံးတွင် တရားစွဲဆို အရေးယူလိုက်ကြောင်း အဆိုပါ ကော်မရှင်က သြဂုတ်လ ၁၇ ရက်၌ ထုတ်ပြန်လိုက်သည်။
သရုပ်ဆောင်လွင်မိုးက ကျပ်သိန်း ၃၉၀ဝ ကျော်ဖြင့် ဝယ်ယူခဲ့သည့် မြေနှင့်ပတ်သက်၍ ရောင်းချခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားကြောင်း လွင်မိုးထံမှ သိရသည်။
မြေယာကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ ပါဝင်သည့် ငါးဦးကို ယနေ့ (ဩဂုတ်လ ၇ ရက်) ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး ချုပ်ရမန် ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။