News

POST TAGGED AS

အဂတိလိုက်စားမှု

အဓိကအားဖြင့် အဲဒီနိုင်ငံမှာ အဂတိတရားတွေ ကြီးစိုးနေရင် ပြည်သူတွေ ဆင်းရဲတာပဲ။ တရားဥပဒေ စိုးမိုးမှုမရှိရင် တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး စီးပွားပျက်တာပဲ။ စီးပွားပျက်ရင် နိုင်ငံပျက်တာပါပဲ။ ဒီကနေ့ နိုင်ငံရဲ့အခြေအနေကို အကြမ်းဖျင်း သုံးသပ်ကြည့်ရင်ကိုပဲ အဂတိလိုက်စားမှုက အထက်ကနေ အောက်ခြေအဆင့်အထိ ပျံ့နှံ့နေတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုရင်ဆိုင်နေသည့် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှစ်ဦးကို မန္တလေးတိုင်းတရားလွှတ်တော်က ဧပြီလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်သည်။
နိုင်ငံ့ဝန်ထမ်းဖြစ်သော ပညာရေးဝန်ထမ်းများကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးချိန်မှ တရားစွဲဆိုချိန်ကြား ကြိုတင် ထွက်ပြေး တိမ်းရှောင်မှုများ များပြားနေခြင်း ကြောင့် တရားစွဲဆို အရေးယူဖမ်းဆီးချုပ်နှောင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC Myanmar)မှ သက်ဆိုင်ရာ ဝန်ထမ်းအကြီးအကဲထံ ခွင့်ပြုချက် တောင်းခံလာပါက အမြန်ဆုံးခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ယနေ့ ဧပြီလ ၂ဝ ရက်တွင် အမှုဖွင့်လိုက်သည်။
ကျိုက်ထိုမြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းနှင့် သံတွဲမြို့နယ် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်းတို့ကို အဂတိ လိုက်စားမှုဖြင့် ဧပြီလ ၁ ရက်က အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ နေ့စဉ် တိုင်စာပေါင်း ၃၂ စောင်ခန့် နေ့စဉ်ရောက်ရှိနေကြောင်း ကော်မရှင်က ထုတ်ဖော်ပြောကြားခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်သို့ ကော်မရှင်က တင်ပြလိုက်သည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ပြုစုထားသည့် ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် ၁၃၆ အဆင့်သို့ ရောက်ရှိနေရာ မြန်မာနိုင်ငံအောက်တွင် အီရတ်၊ ယီမင်၊ လစ်ဗျား၊ ဆူဒန်၊ ဆိုမာလီ၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယားနိုင်ငံများသာရှိပြီး အဂတိလိုက်စားမှု ထိပ်တန်းနိုင်ငံများတွင် ပါဝင်နေသော အနီရောင်စက်ကွင်းအတွင်း ကျရောက်လျက်ရှိသည်။
ယခင်အစိုးရ လက်ထက်အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီးများနှင့်ပတ်သက်၍ တိုင်ကြားစာများ ရောက်ရှိလာခြင်း မရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟံညွှန်က ပြောကြားသည်။
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာ မြို့အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းနှင့် ဦးထွန်းကြည် (ယခင်ကျုံညဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး) တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ အရေးယူထားကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။