POST TAGGED AS

အဂတိလိုက်စားမှု

ပြည်သူ့ဝန်ထမ်းဟူသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်လျှင် မည်သူ့ကိုမဆို လုပ်ကို လုပ်ပေးရမည်သာ ဖြစ်ပါသည်။ ပြည်သူများက အမြန် လိုချင်သည်။ အဆင့် ကျော်ချင်သည်ဆိုလျှင်တော့ ဝန်ထမ်းက ပညာပြတော့မည် ဖြစ်ပါသည်။ တော်ရုံတန်ရုံ မည်သည့်ဝန်ထမ်းကမျှ ဥပဒေ၊ စည်းမျဉ်းကို ကျော်၍မလုပ်ရဲပါ။ ပေါ်ပေါက်လျှင်၊ တိုင်တန်းလျှင် ဤကိစ္စက အပြစ်ကြီးပါသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်၍တော့ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကိုကြည့်၍ ဝန်ထမ်းကို မချဉ်းကပ်သင့်၊ မဖျက်ဆီးသင့်ဟု ထင်ပါသည်။
မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံများထံမှ လာဘ်ငွေရယူ တရားစီရင်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စွပ်စွဲခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
အဂတိလိုက်စားသည်ဟ ဆိုကာ တရားစွဲဆို ခံထားရသည့် ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့ကို တိုင်းဒေသကြီးတရားရုံး၌ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက်ပိုင်းက စတင် ရုံးထုတ်ခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ