News

POST TAGGED AS

အခွန်

မော်တော်ယာဉ်တင်သွင်းမှုသည် အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းရှိ၊ မရှိအမေရိကန် အစိုးရကစုံစမ်း စစ်ဆေးမှုစတင်ပြီးနောက် တစ်လအကြာတွင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ဥရောပထုတ်ကားများအားလုံးကို အခွန် ၂၀ ရာခိုင်နှုန်းချမှတ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အပြန်အလှန် ကုန်သွယ်မှုကိစ္စ တင်းမာနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်များအပေါ် နောက်ထပ် ဒေါ်လာဘီလီယံ ၂၀၀ အခွန်ချမှတ်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီ အစဉ်နှင့်ပတ်သက်၍ တရုတ်မီဒီယာများက ၎င်းကို လှောင်ပြောင် ပြက်ရယ်ပြုခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
စာရေးသူကြုံသမျှ တပ်မတော်အစိုးရမှသည် ယခုအထိ မြန်မာအစိုးရများ၏ ဖွံ့ဖြိုးမှုပုံစံနှင့်သီအိုရီ၊ ဘတ်ဂျက် ခေါ် ရငွေနှင့် သုံးငွေ ပေါ်လစီမူဝါဒများမှာ မှားယွင်းလျက်ရှိသည်ဟု ယူဆမိသည်။ သို့ပါ၍ သာမန် စီးပွားရေးပညာရှင်တစ်ဦး၏ ကျွမ်းကျင်မှုနှင့်မရ၊ မှန်သည်ထင်လျှင် တိုက်တွန်းပြောဆိုရဲသည့် နိုင်ငံရေးသမားတစ်ဦး၏ သတ္တိနှင့်ဗျတ္တိလည်း လိုအပ်ပေသည်
လူစီးယာဉ်အဖြစ် ထုတ်လုပ်ထားသော Delivery Van များကို ပြည်တွင်းသို့ လုပ်ငန်းသုံးယာဉ်အဖြစ် ပြောင်းလဲတင်သွင်းလာသည့် ယာဉ်များ (အုပ်စု ဃ) ကို လူစီးအခွန်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ဆုံးဖြတ်လိုက်သည်။
28-May-2018 tagged as အခွန် အစိုးရ
အစိုးရ၏ အခွန်အကောက်နှုန်းထားများသည် ကောက်သင့်သည့် နှုန်းထားများထက် ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၄၀၀ ကျော်ကို ကောက်ယူထားသည့် “Myanmar Business Sentiment Survey” စစ်တမ်းတွင် ဖော်ပြထားသည်။
21-May-2018 tagged as ရန်ကုန် အခွန်
လူပုဂ္ဂိုလ်တစ်ဦးချင်းအပါအဝင် ကုမ္ပဏီများ၏ အခွန်ပေးဆောင်ခြင်းကို ဘဏ္ဍာနှစ်သတ်မှတ်ချက် အဟောင်းဖြစ်သည့် ဧပြီလ ၁ ရက်မှ လာမည့်နှစ် မတ်လ ၃၁ ရက်အတွင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။
လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း စီးပွားရေးဆိုင်ရာ ပြစ်မှု ၉၀ ကျော်ကို အခွန်စည်းကြပ်ရန် စာရင်းပေးပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
11-May-2018 tagged as ရန်ကုန် အခွန်
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးမှ အခွန်ကောက်ခံရရှိမှုသည် ကျပ်ဘီလီယံ ခြောက်ထောင်နီးပါးအထိ ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
04-May-2018 tagged as အခွန် မန္တလေး
မန္တလေးမြို့တော်အတွင်း ဖြန့်ဖြူးပေးနေသော ရေအတွက် ကျသင့်သည့် အခွန်ကို ယခုလကစ၍ နှစ်လလျှင်တစ်ကြိမ် ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ရေခွန်ဌာနခွဲမှူး ဒေါ်တင်တင်အောင်က ပြောကြားသည်။