News

POST TAGGED AS

အခွင့်အလမ်း

ဂျာမနီစီးပွားရေးတိုးတက်လာမှုကြောင့် အရေအတွက်များပြားလွန်းသော ရွှေ့ပြောင်းဒုက္ခသည်များ အလုပ်အကိုင်ရရှိကြလိမ့်မည်ဟု ကိန်းဂဏန်းအသစ်များက ပြသနေကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ထိုဆိုင်ကို စဖွင့်ချိန်က ဆိုင်ရှင်များသည် ၎င်းတို့၏သားလေးအတွက် လေ့လာစရာ၊ အလုပ်လုပ်စရာနေရာ ဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့သော် ရပ်ရွာက အားကိုးအားထားပြုလာရသည့် မင်္ဂလာရှိသော အလုပ်တစ်ခုဖြစ်လာမယ်မှန့်း  မသိရိုးအမှန်ပင်ပေတည်း။ တန်ပါခိုလာနှင့် မိုက်ကယ်ခိုလာတို့၏ သားကလေး ဘရက်ဒလေသည် အသက် ၂၂ နှစ် ပြည့်သွားခဲ့ရာသူတို့ဒေသရှိ မသန်စွမ်းကလေးလူငယ် ဖေးမကူညီရေးအစီအစဉ်နှင့် ဘောင်မဝင်တော့ပေ။ လူကြီးဖြစ်သွားလေပြီ။ တကယ်ဆိုလျှင် အလုပ်လုပ်ရတော့မည့် အရွယ်ရောက်လေပြီ။ မသန်စွမ်း မဖွံ့ဖြိုးသူဟု ယူဆခံရသည့် ဘရက်ဒလေလိုလူများကို မည်သူက အလုပ်ပေးပါမည်နည်း။ ကိုယ့်သားသမီးကို ကိုယ့်ဘာသာ အလုပ်ပေးမည်ဟု မိဘများက ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် ပေါင်မုန့်၊ ကိတ်မုန့်ဆိုင် ဖွင့်ကြပါသည်။
အလုပ်အကိုင် ရှားပါးကြပြီး ထိုက်သင့်သည့်ပညာရပ်နှင့် အလုပ်မရကြသည့် ဘွဲ့ရလူငယ်များနှင့် အခြားလူငယ်များမှာ အတော်များများ ရှိနေလေသည်။
ကိုယ်လုပ်ချင်တဲ့ အလုပ်မှ ကိုယ်ကပျော်ပါတယ်။ ပုံမှန်ဆိုရင် နေပူထဲထွက်ရမှာ ကြောက်တဲ့သူဟာ ဘောလုံးကန်ဖို့အတွက်ဆို နေပူထဲ တစ်နေကုန် နေချင်နေလိမ့်မယ်။ ပျော်နေတဲ့လူလောက် ဘဝမှာ နေရကျိုးနပ်တာ ဘယ်ရှိမလဲ။ ပျော်နေသူရဲ့ ပတ်ဝန်းကျင်လည်း အပျော်တွေ ကူးစက်ပြီး သာယာတဲ့ မိသားစု၊ သာယာတဲ့ အလုပ်ခွင် ဖြစ်လာလိမ့်မယ်။ လုပ်ချင်တာ လုပ်နေရတဲ့ သူတွေဟာ အပန်းဖြေနားရက် အထူးအထွေ ရှာစရာ မလိုတော့ဘူး။ အလုပ်ဆိုတာကိုက အပျော်ဖြစ်နေတာကိုး။
အမှန်တကယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံမှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရရှိပြီး ထိုက်သင့်တဲ့လုပ်ခ လစာလေး ပုံမှန်ရလို့ ကိုယ့်မိဘ ကိုယ့်ရပ်ရွာမှာပဲ အိုးအိမ်ကို မခွဲမခွာနေကြ၊ လုပ်ခွင့်ရနေကြရရင်ပဲ ကျေနပ်ကြမယ့်သူတွေလို့ ထင်ပါတယ်။ အမှန်တကယ် တော့လည်း ရေခြားမြေခြားမှာ မိဘညီအစ်ကိုတွေ၊ ငယ်ပေါင်းတွေ၊ ချစ်သူ ခင်သူတွေ၊ ဇာတိမြေတွေကို နှစ်ရှည်လများခွဲခွာပြီး တိုင်းတစ်ပါး ဘယ်သူကမှ အလုပ်သွားလုပ်ချင်ကြမယ် မထင်မိပါဘူး။