News

POST TAGGED AS

အချုပ်အခြာအာဏာ

ရခိုင်မြောက်ပိုင်း အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် လူမှုဘဝ လိုအပ်ချက်များ ဖြည့်ဆည်းရေးအဆို လွှတ်တော်တင်
နေပြည်နော်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အချုပ်အချာ တည်တံ့ခိုင်မြဲရေးနှင့်တိုင်းရင်းသားများ လူမှုဘဝတိုးတက်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် လည်းကောင်း၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုဖြစ်ပြီး တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ထောက်ခံခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၈ ရက် နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးရမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ဘင်္ဂါလီများ၏ အကြမ်းမှုများသည် အစိုးရအစဉ်အဆက်က စီမံခန့်ခွဲမှု အားနည်းခြင်း၊ လာဘ်စားခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားများသည် အကြမ်းဖက်သူ၏ သားကောင်အဖြစ် ခံစားနေရကြောင်း၊ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကဲ့သို့ နောက်တစ်ကြိမ် ဖြစ်ပေါ်မလာစေရန် ကာကွယ်ရေး၊ လုံခြုံရေးကို ပေးစေလိုကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

ဘင်္ဂါလီတို့သည် ၎င်းတို့နေထိုင်ရာ ရွာများကို တည်ဆောက်ရာတွင် အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ပုံစံဖြင့် အုပ်စုဖွဲ့ နေထိုင်ခွင့်ပေးခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောင်ချောက်ဆင်ထားသကဲ့သို့ ဖြစ်ခဲ့သောကြောင့် လက်ရှိတွင် အစိုးရအနေဖြင့် ပြန်လည်လက်ခံရေး Master Plan ကို စနစ်တကျ လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

S-01



FOLLOW US