News

POST TAGGED AS

အချုပ်အခြာအာဏာ

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး တစ်ကိုယ်တော်ဆန္ဒပြ

ပြည်၊ နိုဝင်ဘာ ၁၉

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦးသည် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်ရှေ့မှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြည်မြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အထိ တစ်ကိုယ်တော် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးရေး စသည့်တို့ကို တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဦးဝင်းလှိုင်က ပြောကြားသည်။

ပြည်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့၌ ဆန္ဒဖော်ထုတ်စဉ် ပြည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ၎င်းနှင့် လာရောက် တွေ့ဆုံခဲ့သည်။

“ဖွဲ့စည်းပုံပြင်ဖို့က တိုင်းဒေသကြီးအဆင့်မှာ ပြင်လို့မရဘူး၊ ပြည်ထောင်စုအဆင့် လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလိုပြည်သူတွေကို အသိပညာပေးအနေနဲ့ ဆန္ဒဖော်ထုတ်ပေးလို့ ကျေးဇူးတင်တယ်”ဟု ပြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

M-06



FOLLOW US