News

POST TAGGED AS

အချုပ်အခြာအာဏာ

ပြောရလျှင် နောက်ကွယ်တွင် အာဏာရလိုမှု၊ အကျိုးစီးပွား ကာကွယ်မှု၊ အလွန်အကျွံ ပုဂ္ဂိုလ်ရေး မုန်းတီး၊ ချစ်ခင်မှုများ ရောယှက်နေသည့်အတွက် အဓိက ခေါင်းဆောင်နှစ်ဦး သို့မဟုတ် အင်စတီကျူးရှင်း နှစ်ခုက ထိုအုပ်စု နှစ်စုကို တရားဝင် မဟုတ်သော်လည်း သွယ်ဝိုက် အသိအမှတ်ပြု ထောက်ခံနေပါက မြန်မာ့လူ့အဖွဲ့အစည်း၏ ကျဆင်းနေသောပုံရိပ်ကို ပြန်လည် ဆယ်မ ကယ်တင်ရန် များစွာ ခက်ခဲနေဦးမည်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ လူမှုဘဝတိုးတက်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့အဝင်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်စပ်မြို့တော် ဆိုသည့်စာသားဖြင့် မုခ်ဦးဆိုင်းဘုတ် တင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်မှာကား အဆိုပါ ခွဲဝေထားသောအာဏာများကို မိမိတို့ဒေသအတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း စွက်ဖက်မှုမရှိ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အနေနှင့် နိုင်ငံတစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့်ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အချုပ်အချာ တည်တံ့ခိုင်မြဲရေးနှင့်တိုင်းရင်းသားများ လူမှုဘဝတိုးတက်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်။