News

POST TAGGED AS

အချုပ်သား

ဘူးသီးတောင်တွင် WY စိတ်ကြွဆေးပြား ၁၆ သိန်းခန့် ဖမ်းမိ
စစ်တွေ၊ ဇူလိုင် ၅ 

ဘူးသီးတောင်မြို့နယ် လိုင်ရှည်ပြင် ကျေးရွာအနီး လမုတော၌ ဝှက်ထားသည့် ကျပ်သိန်း သုံးသောင်းကျော်ဖိုးရှိ ပိုင်ရှင်မဲ့ WY စိတ်ကြွဆေးပြားရေ ၁၆ သိန်းခန့်ကို ဖမ်းမိကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းလှည့်နေစဉ် လမုတော၌ ဝှက်ထားသော စက်လှေတစ်စင်းကို မသင်္ကာဖွယ်ရာတွေ့သဖြင့် စစ်ဆေးရာမှ WY ဆေးပြားများ ထည့်ထားသော ဆာလာအိတ် ၁၁ အိတ်ကို တွေ့ရှိခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

“ပိုင်ရှင်လည်းမမိဘူး၊ အမှုဖွင့်ဆောင်ရွက်မှာကတော့ နယ်ခြားစောင့်က ဖမ်းမိတာဆိုတော့၊ နယ်ခြားစောင့်ကပဲ ဆောင်ရွက်မှာပါ”ဟု ၎င်းက ပြောသည်။ 

R-22



FOLLOW US