News

POST TAGGED AS

အချုပ်ခန်း

စစ်တွေ ဆေးရုံ အချုပ်ဆောင်မှ လူနာ ၈ ဦးကို ထောင်သို့ ပြောင်းရွေ့

စစ်တွေ၊ ဖေဖော်ဝါရီ ၂ ရက်

မြောက်ဦး ပဋိပက္ခတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ၏ လူနာအချုပ်ဆောင်တွင် ကုသခံယူနေသည့် လူနာ ၈ ဦးကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲ ၃ နာရီခန့်က အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း လူနာရှင်မိသားစုဝင်းများထံမှ သိရသည်။

နဝမတန်း ကျောင်းသားတစ်ဦး အပါအဝင် လူနာ ၈ ဦး ကို ဇန်နဝါရီ ၂၃ ရက်နေ့မှ စ၍ ဆေးရုံလူနာအချုပ်ဆောင်၌ လက်ထိပ်ခတ်ပြီး ဆေးကုသခံယူနေရမှ ယနေ့တွင် အကျဉ်းထာင်သို့ပြောင်းရွေ့ ချုပ်နှောင်ထားလိုက်ကြောင်း၊ ယင်းသို့ အကျဉ်းထောင်သို့ ပြောင်းရွေ့ချုပ်နှောင်မည်ကို မိသားစုဝင်များအား တစ်စုံတစ်ရာ အသိပေးခြင်းမရှိကြောင်း လူနာရှင် ဖခင် ဦးအေးမောင်သိန်းက ဆိုသည်။

“လူနာတွေ ထောင်ထဲပို့လိုက်တာ မိဘတွေ ဘယ်သူမှ မသိဘူး။ ဒီနေ့မနက်ပိုင်းက ပြည်နယ်မှူးလာစစ်မယ်ဆိုတာ သတင်းကြနေတယ်။ အဲဒါနဲ့ ကျနော်တို့လည်း စောင့်နေတော မလာဘူး။ ကျွန်တော်တို့က နားနေဆောင်မှာ သွားနေတဲ့အချိန်မှ အချုပ်ကားနဲ့လာပြီးတော့ တန်းခေါ်သွားတယ်” ဦးအေးမောင်သိန်းက ပြောသည်။

“ဒီလူနာတွေက ၉၆ ပါးရောဂါရလို့ ဆေးရုံလာတတ်တာမဟုတ်ဘူး သေနတ်မှန်လို့ ဆေးရုံတက်နေတာ မိဘတွေက ပြုစုခွင့်လိုတယ်။ အဲဒါတွေကို မိဘာတွေမသိလိုက်ဘဲ တမင် ဒီလို ထောင်ထဲကိုထည့်လိုက်တာ လူမဆန်ဘူး”ဟု ကိုသန်းဇော်အသက် (၁၉) နှစ်၏ ဖခင်က ပြောကြားသည်။

ထို့အပြင် မြောက်ဦးမြို့နယ် ဆေးရုံ၌ ကုသခံယူနေသူ ၄ ဦးထဲမှ သုံးဦးမှာ တိမ်းရှောင်နေပြီး တစ်ဦးကို မြောက်ဦးမြို့မ ရဲစန်းတွင် ချုပ်နှောင်ထားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၌ ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်အမှန်ကိုသုံးပြီး ပစ်ခတ်မှုကြောင့် လူငယ် ၇ ဦး သေးဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ပဋိပက္ခဖြစ်ပွားချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ဦးဘိုဘိုမင်းသိုက်မှာလည်း လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

R-22



FOLLOW US