News

POST TAGGED AS

အချုပ်ခန်း

မြောက်ဦး ပဋိပက္ခတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ၏ လူနာအချုပ်ဆောင်တွင် ကုသခံယူနေသည့် လူနာ ၈ ဦးကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲ ၃ နာရီခန့်က အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း လူနာရှင်မိသားစုဝင်းများထံမှ သိရသည်။
တာချီလိတ်မြို့မရဲစခန်းမှ အချုပ်ထောင်ကိုဖောက်ကာ ထွက်ပြေးသူ ငါးဦးအနက် လွတ်မြောက်သွားသော နှစ်ဦးကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မကွေးမြို့ မြို့မရဲစခန်းအချုပ်မှ အချုပ်သားခြောက်ဦး အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းက ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းတွင် အချုပ်သား သုံးဦးသည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်က အချုပ်ခန်းဖောက် ထွက်ပြေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
04-Aug-2017 tagged as အချုပ်ခန်း
ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် သြဂုတ်လ ၃ ရက် နံနက် ၉ နာရီခန့်က ခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် တရားစွဲဆိုရန် ရုံးထုတ်လာသူ အသက် ၃၀ အရွယ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Feb-2017 tagged as အချုပ်ခန်း
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီခွဲခန့်က ဖမ်းဆီးစစ်ဆေးဆဲ တရားခံ ၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားများပြားမှုကြောင့် မြို့မ ရဲစခန်းအချုပ်တွင် မဆံ့တော့သဖြင့် အခြားမြို့များရှိ ရဲစခန်း အချုပ်များတွင် ပြောင်းရွေ့ကာ ချုပ်နှောင်ထားရကြောင်း ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးစိုးက ပြောကြားသည်