POST TAGGED AS

အချိန်

27-Aug-2016 tagged as အချိန်
မိတ်ဆွေလူငယ်အချို့ သူ့ဘာသာသူ အရည်အချင်းလည်းရှိ အညွန့်တလူလူ ဖြစ်ပါလျက်နှင့် ကိုယ်နှင့်ရွယ်တူ အောင်မြင်နေသူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ စိတ်ဓာတ်ကျနေသူများ ကြုံဖူးသည်။ လမ်းတစ်ဝက် ရောက်နေပါလျက်နှင့် လမ်းပျောက်နေပြီဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်သူများလည်း ကြုံရသည်။ ကိုယ်ကိုယ်တိုင်လည်း အဲဒါမျိုး သူတစ်ပါးနှင့် နှိုင်းယှဉ်ပြီး စိတ်အလိုမကျ ဖြစ်ဖူးသည့်အတွက် ‘မဖြစ်နဲ့’ ဟုမပြောလို။ တစ်ခုသာ။ တစ်ယောက်နှင့် တစ်ယောက် အချိန်အခါမတူ။ ကိုယ့်ဇာတ်လမ်း သူ့ဇာတ်လမ်းမတူ။