News

POST TAGGED AS

အကျဉ်းထောင်

ဂျာမန်အကျဉ်းထောင်များသည် အစ္စလာမ္မစ် အစွန်းရောက်ဝါဒီများကို ဆုံးမပဲ့ပြင်ကိုင်တွယ်ရန် ကြိုးစားရုန်းကန်နေရသည်ဟု DW သတင်းဌာနက ပြောကြားသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှ ထောင်ကျအကျဉ်းသား၊ အကျဉ်းသူများကို ပထမဦးဆုံးအကြိမ် စာရင်းကိုင်ပညာ သင်ပေးမည်ဖြစ်ကြောင်း ယင်းထောင် အာဏာပိုင်များထံမှ သိရသည်။
အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရေးထက် ငွေကြေးတောင်းခံမှုသာများကြောင်း အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GPRM) ဥက္ကဋ္ဌ ဦးအောင်စိုး (အင်းစိန်) က ပြောကြားသည်။
အကျဉ်းထောင်တွင် အကျဉ်းသားကျပ်တည်းမှုကို လျှော့ချရန် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျသူများကို ပြန်လည်စိစစ်ပေးရန် ဇန်နဝါရီလ ၁၉ ရက်က သမ္မတထံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တင်ပြခဲ့ကြောင်း အဆိုပါကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) လှူဒါန်းငွေဖြင့် တည်ဆောက်နေသည့် အမျိုးသားစာသင်ဆောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း မန္တလေးဗဟိုအကျဉ်းထောင်ထံမှ သိရှိရသည်။
လူ့အခွင့်အရေး စံချိန်စံညွှန်းများဖြင့် ကိုက်ညီမှု ရှိ မရှိ သိရှိနိုင်ရန် ပြည်အကျဉ်းထောင်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။