News

POST TAGGED AS

အကျဉ်းထောင်

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀ ခန့်ပိုဟု ကော်မရှင်ပြော
ရန်ကုန်၊ မေ ၁၂

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ လူ ၅၀၀ သာဆံ့သည့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀ ခန့် ပိုနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များသည် ထားဝယ်အကျဉ်းထောင်သို့ မေလ ၈ ရက် မှ ၁၀ ရက်အထိ သွားရောက်စစ်ဆေးခဲ့ရာတွင် အကျဉ်းသားများသည် တစ်ခြမ်းစောင်းအိပ်နေရပြီး ရေဝအောင် မချိုးရသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရေချိုးတော့လည်း လူများပြီး တန်းစီရတော့ နောက်လူတွေက ရေဝအောင် မချိုးရဘူး ဖြစ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာမရှိဘူး။ ဒါပေမဲ့ အကျဉ်းသား ၅၈ ယောက်နဲ့ သီးခြားတွေ့တယ်၊ သူတို့အခက်အခဲတွေ ရှိတယ်၊ ကျွန်တော်တို့ ကော်မရှင်အဖွဲ့တွေ စိစစ်ပြီး ထုတ်ပြန်ပါမယ်”ဟု ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်များသည် အကျဉ်းထောင်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ၊ မရှိကို စစ်ဆေးမေးမြန်းခြင်း၊ အကျဉ်းသားအိပ်ဆောင်များ၊ စာကြည့်တိုက်နှင့် ဆေးခန်းတို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို စိစစ်၍ အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့်သမ္မတရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါအဖွဲ့သည် ထားဝယ်မြို့ပေါ်ရှိ မိဘမဲ့ပရဟိတ ဂေဟာလေးခု၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းများကိုလည်း သွားရောက်ခဲ့သည်။

J-18



FOLLOW US