News

POST TAGGED AS

အကျဉ်းထောင်

အကျဉ်းထောင်မှ လွတ်မြောက်လာသူများက အသက်မွေးဝမ်းကျောင်းပညာထက် ငွေကြေးတောင်းခံမှုများဟုဆို


တောင်ငူ၊ ဖေဖော်ဝါရီ ၆

အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရေးထက် ငွေကြေးတောင်းခံမှုသာများကြောင်း အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GPRM) ဥက္ကဋ္ဌ ဦးအောင်စိုး (အင်းစိန်) က ပြောကြားသည်။

အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GPRM) ကို ဇန်နဝါရီလမှ စတင်ဖွဲ့စည်းခဲ့ပြီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများကို အသက်မွေးဝမ်းကျောင်းပညာ စက်မှုလက်မှုလုပ်ငန်းများ သင်ကြားပေးရန် ဆောင်ရွက်နေကြောင်း၊ သို့သော် လွတ်မြောက်လာသူများက အသက်မွေးပညာထက် ငွေကြေးထောက်ပံ့ရန်သာ လိုလားကြကြောင်း ၎င်းက ရှင်းပြသည်။ 

အဆိုပါအဖွဲ့က လက်ရှိတွင် တနင်္လာနှင့် သောကြာနေ့များ၌ ရန်ကုန်အကျဉ်းထောင်ရှေ့ သွားရောက်ကာ ပြစ်ဒဏ်လွတ်မြောက်လာသော အကျဉ်းသားများကို အဖွဲ့၏ လုပ်ဆောင်ချက်များ ရှင်းပြခြင်း၊ အသက်မွေးပညာ သင်ကြားလိုသူများကို အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ သင်တန်းအပ်နှံပေးခြင်း၊ သင်တန်းအပ်ပေးရုံသာမက သင်တန်းတက်နေစဉ် စားဝတ်နေရေးအတွက် ငွေကြေးထောက်ပံ့ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း အဆိုပါအဖွဲ့ ဦးဆောင်သူများထံမှ သိရသည်။

“တချို့ ကူညီတဲ့ ငွေကြေးကလည်း အနှောင်အဖွဲ့ဖြစ်လာမှာစိုးလို့ ကျွန်တော်တို့ လက်မခံသေးပါဘူး၊ အခက်အခဲတချို့ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်ကျခံရသူတွေကို နောက်တစ်ကြိမ် ထောင်ထဲပြန်မရောက်ဖို့ လိုအပ်တယ်ယူဆလို့ အခုလိုကူညီပေးနေတာပါ”ဟု GPRM ကို ဦးဆောင်နေသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။

အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး (အင်းစိန်) မှာ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်လေဆိပ်တွင် သေနတ်သမား ဦးကြည်လင်းကြောင့် အသတ်ခံရသော တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးမှုများ၏ နောက်ကွယ်မှ တရားခံသုံးဦးကို ဖော်ထုတ်ပေးခဲ့သူဖြစ်သည်။



FOLLOW US