News

POST TAGGED AS

အက်စစ်

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ (၉) ရှိ MPT ကုမ္ပဏီရုံးဝင်းအတွင်း၌ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက သမီးရည်းစားစုံတွဲကို ထမင်းဆိုင်ရှင် အမျိုးသမီးတစ်ဦးက အက်စစ်ဖြင့်ပက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အိမ်အကူအမျိုးသမီးငယ်ကို အက်စစ်ဖြင့်လောင်းခဲ့သည်ဆိုသည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဒေါ်မိုးမိုးတို့ကို မတ်လ ၂၆ ရက်နေ့က ရုံးထုတ်သော်လည်း ဥပဒေအကြံပြုချက်မကျသေးသဖြင့် ချုပ်ရက်ရမန် ထပ်ယူကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်သော အမျိုးသမီးကို အက်စစ်ဖြင့် ပက်ခဲ့သည့်မိသားစုမှ အမျိုးသားတစ်ဦးကို ပူးပေါင်းကြံစည်မှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် အိမ်အကူလုပ်ကိုင်နေသော အမျိုးသမီးငယ်တစ်ဦးကို အက်စစ်ဖြင့်ပက်မှုဖြင့် အိမ်ရှင်အမျိုးသမီးနှင့် ကျူးလွန်သူအမျိုးသမီးကို ပုဒ်မနှစ်ခုစီဖြင့် ဖမ်းဆီးထားကြောင်း အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ တပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးဇင်က ပြောကြားသည်။