News

POST TAGGED AS

ဟံသာဝတီ

21-Oct-2017

ဟံသာဝတီ
သာယာဝတီတွင် ဗုံးတစ်လုံးနှင့် ကျည်ဆန်များတွေ့ရှိ
သာယာဝတီ၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာအုပ်စု၊ သင်တောရိုးရေတံခါး (ဒေသအခေါ် နှစ်သိန်းဂုံး)အနီး ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ယနေ့(အောက်တိုဘာလ ၂၁ ရက်) နံနက် ၁၀ နာရီခန့်က ဗုံးတစ်လုံးနှင့် ကျည်ဆန် (ကျည်တောင့် ၄၀ကျော်) များ တွေ့ရှိကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံ ဦးဝင်းသန်းက ပြောကြားသည်။

မသင်္ကာဖွယ် ပလက်စတစ်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ် တွေ့ရှိရကြောင်း ပလက်စတစ် ကောက်သည့် အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး၏ သတင်းပေးမှုအရ သာယာဝတီခရိုင် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး သိမ်းဆည်းသွားကြောင်း ယင်းနေရာအနီး နေထိုင်သည့် ဒေသခံများထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သာယာဝတီ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ်မှူးရုံးသို့ မေးမြန်းရန် ဖြေကြားသဖြင့် မြို့နယ်မှူးရုံးသို့ ဆက်သွယ်ရာ သာယာဝတီ ရဲစခန်းကိုသာ မေးမြန်းစေလိုကြောင်း ပြန်လည် ဖြေကြားသည်။ အသေးစိတ်ကိုမူ The Voice က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

R-19

  • VIA


FOLLOW US