News

POST TAGGED AS

ဟင်္သာတ

19-Jan-2018 tagged as ဆန် ဟင်္သာတ
စံချိန်တင်မြင့်တက်ခဲ့သည့် စပါးဈေးမှာ ယခုအခါ ဈေးပြန်ကျနေသည့်အတွက် ဟင်္သာတမြို့နယ်အပါအဝင် ဧရာဝတီတိုင်းရှိ ဒေသအများစု၌ ကုန်သည်အများစုသည် အကြွေးစနစ်ဖြင့်သာ စပါးကို ဝယ်ယူမှုများနေကြောင်း စပါးပွဲစားများထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်တွင် ဒေသခံများ ကန့်ကွက်နေသည့် ဆက်သွယ်ရေးတိုင်တည်ဆောက်မှုကို ဆက်လက် လုပ်ဆောင်ရန် ခွင့်ပြုလက်မှတ် ပေးထိုးခဲ့သည့် ဟင်္သာတမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ ဇန်နဝါလ ၃ ရက်နေ့က တိုင်ကြားထားကြောင်း တိုင်ကြားသူ ဦးဇင်မင်းဦးက ပြောကြားသည်။
29-Dec-2017 tagged as ဟင်္သာတ
ပဲခူးတိုင်းဒေသကြီးမှ မြစ်ကျောက်စုပ်လုပ်ငန်းအချို့သည် ဧရာဝတီတိုင်းဒေသကြီး၏ ရေနယ်နိမိတ်အတွင်း ကျူးကျော်ပြီး ကျောက်စလစ်များ ဝင်ရောက်စုပ် ယူနေမှုနှင့် ပတ်သက်ကာ နှစ်ဖက်အစိုးရ ချင်း ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေးက ပြော ကြားသည်။
27-Dec-2017 tagged as ဆန္ဒပြ ဟင်္သာတ
ဟင်္သာတမြို့နယ် ငါးဖားကျေးရွာအုပ်စု၊ ကျီးတောကွက်ကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း ဆက်သွယ်ရေးတိုင် တည်ဆောက်မှုနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူပေးခြင်း မရှိဟုဆိုကာ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ငါးဖားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောကြားသည်။
အုပ်စုဖွဲ့၍ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူရန် ပျက်ကွက်သည်ဟုဆိုကာ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တလုတ္ထော်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးတို့ကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ဒီဇင်ဘာလ ၂၄ ရက်နေ့က စာတင်တိုင်ကြားထားကြောင်း တိုင်ကြားထားသူများက ပြောကြားသည်။
21-Dec-2017 tagged as ဟင်္သာတ
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် အင်္ဂပိုလမ်းရှိ ရွှေခြင်္သေ့ စက်သုံးဆီဆိုင်အတွင်း ဗုံးအတုထောင်၍ ငွေကျပ်သိန်းနှစ်ရာ တောင်းခံမှု ဒီဇင်ဘာလ ၂၀ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလည်ကျွန်းကျေးရွာအုပ်စုအနီးရှိ နယ်ကျွန် ကျောက်ထုတ်လုပ်ကွက်များကို စိစစ်ရေးအဖွဲ့များဖြင့် စစ်ဆေးကာ ရပ်တန့်ခိုင်းမည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ညွှန်ကြားထားကြောင်း ကြံခင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စုရှိ ပုသိမ်- ဟင်္သာတသွား ရထားတံတားအောက်ခံ အုတ်ခုံပေါ်တွင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက်က ဗုဒ္ဓရုပ်ပွားဆင်းတုတော်များနှင့် ကြေးသွန်းခေါင်းလောင်းတော်များကို တွေ့ရှိခဲ့ရကြောင်း ဟင်္သာတမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
26-Oct-2017 tagged as ဟင်္သာတ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတွင် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီက ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ဆိုင်ကယ်စီးလာသူနှစ်ဦး သေဆုံးခဲ့ပြီး အဆိုပါအမှုတွင် ဆိုင်ကယ်မောင်းနှင်သူကိုသာ အမှုဖွင့်ထားခြင်းကြောင့် စခန်းမှူး က အမှုထိမ်ချန်သည်ဟုဆိုကာ သက်ဆိုင် ရာနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စသုံးလုံးထံသို့ အောက်တိုဘာလ ၂၄ ရက် နေ့က တိုင်ကြားထားကြောင်း ကာယကံ ရှင်များက ပြောကြားသည်။