News

POST TAGGED AS

ဟင်္သာတ

02-Apr-2018 tagged as ရထား ဟင်္သာတ
ဟင်္သာတမြို့နယ်၊ နတ်မော်-ဟင်္သာတ ရထားလမ်း မိုင်တိုင်အမှတ် ၁၃၃/၁၂ နှင့် ၁၃၃/၁၃ အကြားတွင် မတ်လ၂၉ ရက်နေ့က ဆရာတော်တစ်ပါး ရထားတိုက်မိ၍ ပျံလွန်တော်မူခဲ့ကြောင်း ရထားရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
25-Mar-2018 tagged as ပဲ ဟင်္သာတ
ဟင်္သာတမြို့နယ်မှတစ်ဆင့် မတ်ပဲ တန်ချိန်ငါးသောင်းကျော်ကို ရန်ကုန်တိုင်းသို့ နှစ်စဉ်တင်ပို့လေ့ရှိရာ ယခုနှစ် မတ်ပဲ အသစ်ပေါ်ချိန်၌ တင်ပို့မှုမှာ တန်ချိန်ငါးသောင်းအောက် လျော့နည်းနိုင်ကြောင်း ဟင်္သာတကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုအုပ်စု၊ ဇင်ယော်ကျွန်းကျေးရွာ မြစ်ဆိပ်ကမ်း၌ မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မင်္ဂလာဆောင်သို့သွားသည့် ဂွန်ဒေါင်းကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူသုံးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်လုပ်ငန်း လိုင်စင်စီအဟောင်းများကို၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အပိုင်း ၁၊ ပထမခြောက်လအတွက် လုပ်ငန်းလိုင်စင် ၈၄ ခုကို သက်တမ်းတိုးစနစ်ဖြင့် မတ်လ ၁၄ ရက်နေ့က လုပ်ကိုင်ခွင့်ပြုချထားပေးခဲ့ကြောင်း ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
07-Mar-2018 tagged as ဆန္ဒပြ ဟင်္သာတ
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးတို့ကို မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက မြေယာမဲ့ လူဦးရေတစ်ရာခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါပွဲဦးဆောင်သူ ဦးလှမောင်က ပြောကြားသည်။
01-Mar-2018 tagged as ဟင်္သာတ သဲ ကျောက်
ဟင်္သာတခရိုင်ရှိ ဧရာဝတီမြစ်ကြောင်းနှင့် ငဝန်မြစ်ကြောင်းများမှ စုပ်ယူထုတ်လုပ်သည့် သဲနှင့်ကျောက်များသည် ရန်ကုန်တိုင်းဒေသကြီး၌ ဝယ်လိုအားကျဆင်းနေကြောင်း ရန်ကုန်မြစ်သဲ၊ ကျောက်ကုန်သည် အများစုထံမှ စုံစမ်းသိရှိရသည်။
ယခင်နှစ်များက အထွက်နှုန်းလျော့ခဲ့သည့် ဧရာဝတီတိုင်းအတွင်းရှိ အစေ့ထုတ်ပြောင်းစိုက်ခင်းများမှာ ယခုနှစ် ခူးဆွတ်ချိန် စိုက်ခင်းအများစု၌ အထွက်နှုန်းမြင့်ခဲ့ကြောင်း ကိုင်းစိုက်တောင်သူများက ပြောကြားသည်။
ပုသိမ် - မုံရွာလမ်းပေါ်တွင် လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးက ကျည်ဆန်များထည့်ထားသည့်အထုပ်ကို တွေ့ရှိကောက်ရခဲ့သည့်အတွက် နယ်မြေခံစစ်တပ်ထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က အပ်နှံခဲ့ကြောင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။
30-Jan-2018 tagged as ပညာဒါန ဟင်္သာတ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့အခြေစိုက် လူထုရှင်းသန့်အသင်းအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျောက်ကုဒင်ကျေးရွာအုပ်စု ကမ္မာနိဗ္ဗာန်ကျေးရွာ၌ အခမဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း အသင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်လွင်က ပြောကြားသည်။
တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့် YBS တံဆိပ်တပ်ထားသော ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဟင်္သာတမြို့အဝင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။