News

POST TAGGED AS

ဟင်္သာတ

02-Apr-2018

ရထား ဟင်္သာတ
ဟင်္သာတတွင် ရဟန်းတစ်ပါး ရထားကြိတ်မိ၍ ပျံလွန်
ဟင်္သာတ၊ ဧပြီ ၁

ဟင်္သာတမြို့နယ်၊ နတ်မော်-ဟင်္သာတ ရထားလမ်း မိုင်တိုင်အမှတ် ၁၃၃/၁၂ နှင့် ၁၃၃/၁၃ အကြားတွင် မတ်လ၂၉ ရက်နေ့က ဆရာတော်တစ်ပါး ရထားတိုက်မိ၍ ပျံလွန်တော်မူခဲ့ကြောင်း ရထားရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ မွန်ပြည်နယ်ရေးမြို့နယ် အဇင်းကျေးရွာ အုပ်စု ဓမင်းစိတ်ကလေးကျောင်းမှ သက်တော် ၄၁ နှစ်၊ ဝါတော် ၉ ဝါရှိ ဦးတေဇောဘာသဖြစ်ကြောင်း၊ ရထားလမ်းပေါ်တွင် တက်ထိုင်နေခြင်းကြောင့် ပုသိမ်မှထွက်ခွာလာသည့် အမှတ် ၁၈၇ လူစီးလော်ကယ်ရထားဖြင့် တိုက်မိခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း ရထားရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတမြို့မစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

R-13



FOLLOW US