News

POST TAGGED AS

ဟင်္သာတ

25-Mar-2018

ပဲ ဟင်္သာတ
ဟင်္သာတမှ မတ်ပဲတင်ပို့မှု တန်ချိန်ငါးသောင်းအောက်လျော့နိုင်


ဟင်္သာတ၊ မတ် ၂၄

ဟင်္သာတမြို့နယ်မှတစ်ဆင့် မတ်ပဲ တန်ချိန်ငါးသောင်းကျော်ကို ရန်ကုန်တိုင်းသို့ နှစ်စဉ်တင်ပို့လေ့ရှိရာ ယခုနှစ် မတ်ပဲ အသစ်ပေါ်ချိန်၌ တင်ပို့မှုမှာ တန်ချိန်ငါးသောင်းအောက် လျော့နည်းနိုင်ကြောင်း ဟင်္သာတကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။ 

ဈေးကွက်ကျဆင်းမှုများ ကြုံတွေ့ရသည့်အပြင် လုပ်သားခနှင့် သွင်းအားစုများ ဈေးမြင့်ခြင်းကြောင့် တောင်သူအများစုသည် စိုက်ဧကကို လျှော့ချခဲ့သည့်အပြင် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး အထွက်နှုန်းပါလျော့ကျခဲ့ခြင်းကြောင့် ဟင်္သာတမှရန်ကုန်သို့ မတ်ပဲတင်ပို့မှု တန်ချိန်ငါးသောင်းအောက် ကျဆင်းမည်ဖြစ်ကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။ 

“နွေစပါးနဲ့ အစေ့ထုတ်ပြောင်းက ဈေးကောင်းတော့ မတ်ပဲအစားစိုက်ကြတာပေါ့။ စိုက်ဧကလည်း သိသိသာသာလျော့သွားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ဆိုသည်။

မတ်ပဲအသစ်များ လှိုင်လှိုင်ပေါ်သည့် မတ်လတွင် ဒေသခံကုန်သည်လှောင်လက်များက ဝယ်လိုအားမြင့်တက်လာပြီး ဈေးကွက်မြင့်တက်ခြင်း မရှိကြောင်း၊ မတ်လ ၂၂ ရက်နေ့အထိ မတ်ပဲတစ်တင်းလျှင် တစ်သောင်းခြောက်ထောင်ဝန်းကျင် အမြင့်ဆုံးဈေးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒေသထွက် မတ်ပဲများမှာ ကုန်သည် လှောင်လက်များထံတွင် ရှိနေခြင်းကြောင့် ရုတ်တရက်ဈေးမြင့်လာပါက တောင်သူအများစုအနေနှင့် အကျိုးခံစားရမည် မဟုတ်ကြောင်း ဟင်္သာတမြို့ခံတောင်သူ ဦးရဲသူရိန်ထွန်းက သုံးသပ်ပြောဆိုသည်။ 

R-13

  • VIA


FOLLOW US