News

POST TAGGED AS

ဟင်္သာတ

မြန်မာအပါအဝင် အိမ်နီးချင်းလေးနိုင်ငံ ပူးပေါင်း၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆွေးနွေး


ကျိုင်းတုံ၊ မတ် ၁၄ 

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အပါအဝင် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံတို့ ပူးပေါင်းချိတ်ဆက်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်မည်ဖြစ်ရာ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ Wieng Inn Riverside Resort တွင် မတ် ၁၄ ရက်မှစတင်ပြီး ယင်းလေးနိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။

“လေးနိုင်ငံမှာရှိတဲ့ ရှေးဟောင်းမြို့ကြီးငါးမြို့မှာ ခရီးသွားလုပ်ငန်းတွေ ပိုမိုမြင့်တက်လာအောင် ဘယ်လိုအတူတကွ ချိတ်ဆက်ဆောင်ရွက်ကြမယ်ဆိုတာကို ဆွေးနွေးကြတာပါ”ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးရဲမြင့်အောင်က ပြောကြားသည်။ 

ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ယင်းရှေးဟောင်း မြို့ကြီးငါးခုတွင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေမည့် စီမံကိန်းကို ၂၀၁၈ ခုနှစ်က စတင်လုပ်ဆောင်မည်ဖြစ်ရာ ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တာချီလိတ်မြို့ ဆိုင်နမ့်ခေါင်ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးမြင့်ထွန်းနိုင်က ဆိုသည်။

“သူများနိုင်ငံတွေဆို မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေအပြင် ဝန်ကြီးအဆင့်အထိပါ တက်ရောက်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဖိတ်ကြားတာတောင် သံရုံးကနေတစ်ဆင့် ဖိတ်ကြားဖို့နဲ့ ဌာနကခွင့်ပြုမှ တက်လို့ရမယ်ပြောလို့ လုပ်ထုံးလုပ်နည်းတွေ ကြန့်ကြာလို့ ဌာနဆိုင်ရာတွေကို မဖိတ်တော့တာ။ ဒါမျိုးမဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲသင့်တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။ 

တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့နှင့် ချင်းမိုင်မြို့၊ မြန်မာနိုင်ငံ ကျိုင်းတုံမြို့၊ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားမြို့၊ လာအိုနိုင်ငံ လုံဖဘန်မြို့တို့တွင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည်။ 

R-16



FOLLOW US