News

POST TAGGED AS

ဟင်္သာတ

YBS တံဆိပ်ကပ်ယာဉ်ပေါ်မှ တရားမဝင်သစ်များ ဖမ်းမိ
ဟင်္သာတ၊ ဇန်နဝါရီ ၂၇

တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့် YBS တံဆိပ်တပ်ထားသော ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဟင်္သာတမြို့အဝင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကြံခင်းမြို့ မြန်အောင်မြို့နှင့် အင်္ဂပူမြို့နယ်များသို့ ဆက်သွယ်ထားသည့်လမ်း အတိုင်းမောင်းနှင်လာသည့် YBS ယာဉ်ကို ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် မြို့ဝင်ကြေးဂိတ်တွင် စစ်ဆေးရာမှ အပ်ချုပ်စက်ခုံပြုလုပ်ရန် တင်ဆောင်လာသည့် တရားမဝင်ကျွန်းသစ်များကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။ 

ဖမ်းဆီးရမိသည့် အဆိုပါ မော်တော်ယာဉ်ပေါ်၌ အလျား ၂ ပေခွဲ၊ အနံ ၁ ပေ ၅ လက်မ၊ ထုတစ်လက်မရှိ အပ်ချုပ်စက်ခုံပြုလုပ်ရန် ဖြတ်ထားသည့် ကျွန်းသား အချပ် ၄၅၀ ချပ်၊ ၂ ဒသမ ဝ၇ တန်ကို ပီနံအိတ် ၇၅ အိတ်နှင့် ထည့်ထားကြောင်း၊ ယင်းအပြင် ပီနံအိတ် ၁၂ အိတ်ဖြင့် ထည့်ထားသည့် အလျား ၁ ပေ၊ အနံ ၂ လက်မရှိ အပ်ချုပ်စက်အံခွက်ပြုလုပ်မည့် ကျွန်းသား သစ် သုည ဒသမ ၁၉၇ တန်ကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ဟင်္သာတမြို့မ၊ အမှတ် ၁ ရဲတပ်ဖွဲ့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့် YBS ယာဉ်မှ ယာဉ်မောင်းအပါအဝင် လူလေးဦးကို ဟင်္သာတမြို့မ စခန်းက (ပ) အမှတ် ၈၂/၂၀၁၈ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ၎င်းက ရှင်းပြသည်။

R-13



FOLLOW US