News

POST TAGGED AS

သင်္ကြန်

07-Mar-2018 tagged as မန္တလေး သင်္ကြန်
မန္တလေးမြို့တော် သင်္ကြန်ကာလအတွင်း သီချင်းသစ် ၁၂ ပုဒ် ထည့်သွင်းဖျော်ဖြေမည်ဖြစ်ကြောင်း မြို့မတူရိယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း (လှဂုဏ်ရည်) က ပြောကြားသည်။
နိုင်ငံကျော် မြို့မတူရိယာအသင်းအနေနှင့် ယခုနှစ်မန္တလေးမြို့တော် သင်္ကြန်ကာလ မြို့တွင်းလှည့်လည်ခြင်းနှင့် မဏ္ဍပ်တွင်သီဆိုခြင်းကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ဖျော်ဖြေမည်ဖြစ်ကြောင်း ယင်းအသင်းဒုတိယ ဥက္ကဋ္ဌဦးကျော်ဝင်း (လှဂုဏ်ရည်) က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် သဲသောင်ပေါ်တွင် ချင်းတွင်းသင်္ကြန်ပွဲကို တိုင်းအစိုးရအစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ တာရိုးဝဲယာရှိ ကျူးကျော်နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မတ်လ ၆ ရက်နေ့ ညနေအပြီး ဖယ်ရှားပေးရန် မြို့နယ်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အမိန့်ထုတ်သတိပေးခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့ ၆၂ လမ်းရှိ မနော်ရမ္မံကွင်းအတွင်း လူငယ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
၁၁ ကြိမ်မြောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရိုးရာသင်္ကြန်ပွဲတော်ကို မေဂျာအလိုက် ကျောင်းသား။ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မတ်လ ၉ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မန္တလေးမြို့တော်၌ ကျင်းပမည့်တောသင်္ကြန်ညဈေးတွင် အမှတ်တရပစ္စည်းနှင့် ရိုးရာမုန့်များရောင်းချရန် ဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် အခမဲ့နေရာချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
05-Mar-2018 tagged as သင်္ကြန်
၂၀၁၈ ခုနှစ် သင်္ကြန်ပွဲတော်ရက်အတွင်း ပြေးဆွဲမည့် YBS ယာဉ်စာရင်းကို မတ်လဒုတိယပတ်အတွင်း တိုင်းအစိုးရအဖွဲ့ထံ တင်ပြရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့​ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးသင်္ကြန်ပွဲတော် ကျုံးပတ်လည်တွင် မဏ္ဍပ်ကြီး ၂၄ ခု ဆောက်လုပ် ခွင့်ပြုမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ်များ ခွင့်ပြုထားသော်လည်း ရေမပြတ်ရန် ကြိုတင်စီစဉ်ထားခြင်းကြောင့် ရေလိုအပ်ချက်နှင့် ပတ်သက်၍ ပူစရာမလိုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဦးမျိုးသိန်းက ပြောကြားသည်။
27-Feb-2018 tagged as မုံရွာ သင်္ကြန်
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မုံရွာမြို့ ချင်းတွင်းမြစ်ဘေးတွင် ဗဟိုမဏ္ဍပ်ထားရှိကာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ် ပြီး အိန္ဒိယခရီးသွား ၁၀၀၀ ခန့် လာရောက်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်း လှိုင်က ပြောကြားသည်။