News

POST TAGGED AS

သင်္ကြန်

ယခုနှစ် သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များကို ပြည်လမ်းတစ်ခုတည်းသာ ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့် မဏ္ဍပ်ဆောက်လုပ်ရန် ခြံပိုင်ရှင်များထံမှ မြေငှားရမ်းခမှာ ယခုနှစ်တွင် ကျပ်သိန်း ခြောက်ရာမှ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရသည်။
သင်္ကြန်ကာလမတိုင်မီ ချမ်းအေးသာစံမြို့နယ်ရှိ ဒိုင်းမွန်းပလာဇာ၏ ပြင်ပဧရိယာလျှောက်လမ်းတွင် လမ်းလျှောက်သင်္ကြန် ကျင်းပရန်ရှိနေသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် ကေတုမတီမြို့သစ်အနီးရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) ၏ ကျောင်းတွင်းသင်္ကြန်ပွဲကို မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ယင်းသင်္ကြန်ပွဲကို ဦးဆောင်ကျင်းပသည့် ဦးရှိုင်းထက်ဇော်က ပြောကြားသည်။
11-Mar-2018 tagged as YBS သင်္ကြန်
၂၀၁၈ ခုနှစ် သင်္ကြန်နှစ်သစ်ကူးကာလတွင် YBS ယာဉ် ၈၀၀ ခန့် ရန်ကုန်မြို့တွင်း ပြေးဆွဲရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။
10-Mar-2018 tagged as သင်္ကြန် မဏ္ဍပ်
ယခုနှစ် ရန်ကုန် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပါမစ်ကို မတ်လ တတိယအပတ်တွင် အင်ဂျင်နီယာဌာန (လမ်းတံတား) ၌ စတင် လျှောက်ခွင့်ပြုမည်ဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်မည့်သူများကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များကို ပြန်လည်ခွင့်ပြုမည်ဖြစ်သောကြောင့် မဏ္ဍပ်များရှိနိုင်သော မြို့နယ် ၈ ခုကို အချိန်ပိုင်းအလှည့်ကျ ရေပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဦးဆောင်ကာ ပထမအကြိမ် ကျောင်းတွင်း ရေသဘင်ပွဲတော်ကို မတ်လ ၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း ယင်းပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
08-Mar-2018 tagged as မုံရွာ သင်္ကြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တိုင်းအစိုးရက ကျင်းပမည့် ချင်းတွင်း သင်္ကြန်ပွဲတော် ကုန်ကျစရိတ် အပါအဝင် အချက် ငါးချက်ကို သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ စာပို့မေးမြန်းထား ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မျိုးဆက်သစ်အင်အားစုများ အဖွဲ့ (မုံရွာ)ထံမှ သိရသည်။
ရန်ကုန်မြို့ မဟာသင်္ကြန်တွင် ပထမဆုံးထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို အင်းလျားလမ်း၌ ပြုလုပ်ရန်လျာထားပြီး လမ်းလျှောက်ပွဲတော်ဖြစ်သည့်အတွက် နေရာမကျပ်သည့် လမ်းကြောင်းများကို စိစစ်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။