News

POST TAGGED AS

သင်္ကြန်

သင်္ကြန်ကာလအတွင်း ကျိုင်းတုံ- တောင်ကြီး ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များရှိ ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းပါက အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ယခုနှစ် သင်္ကြန်ပွဲတော်ရက်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ပြီးခဲ့သည့် နှစ်​ကထက်​ ပိုမိုချထားကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
သီချင်း၊ သံချပ်များကို ကြိုတင်စိစစ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက်မတင်သည့် သံချပ်အဖွဲ့များအနေနှင့် မိမိတို့၏ သီချင်း၊ သံချပ်များကို တာဝန်ယူ၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
20-Mar-2018 tagged as သင်္ကြန် မကွေး
မကွေးတိုင်း မကွေးမြို့အတွင်း ယခုနှစ် မဟာသင်္ကြန်ကာလ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်အတွင်း ပထမဆုံးအဖြစ် လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ တိုင်းအစိုးရထံမှ သိရသည်။
သင်္ကြန်ပွဲတော်ရက်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရန် ရေကစားမဏ္ဍပ်နှင့် အနီးနေရာနှင့် လူစည်ကားရာနေရာများတွင် ယာဉ်ထိန်းရဲ ၁၂၀၀ ခန့် အင်အားတိုး တာဝန်ချထားမည်ဖြစ်ကြောင်း အမှတ် ၈ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။
သင်္ကြန်ရေကစားမဏ္ဍပ်များတွင် ရေကစားလိုသူများအတွက် လက်မှတ်ကြိုတင်ရောင်းချမှုများရှိပြီး သင်္ကြန်ကာလ တစ်ခုလုံးအတွက် လက်မှတ်ပေါက်ဈေးမှာ ကျပ်လေးသောင်းမှ တစ်သိန်းကျော်အထိရှိကြောင်း အဆိုပါ လက်မှတ်များကို ရောင်းချသူများထံမှသိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်လာပြီး ကျောက်စိမ်းတန်ချိန် ၃၀၀ ခန့်ဖြင့် တည်ဆောက်နေသော ငြိမ်းချမ်းသာယာ ကျောက်စိမ်းလိုဏ်ဂူကို ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကျောက်စိမ်းလိုဏ်ဂူတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆုံးအကြိမ် စတုဒိသာနှင့် လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့ရှိ နေရာသုံးခုတွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလတွင် ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ မြို့နှင့် မြို့ ၇ မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၇၀၀ ကျော်ဖြင့် လုံခြုံရေးချထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
14-Mar-2018 tagged as သင်္ကြန် ငပလီ
သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်ကာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။