News

POST TAGGED AS

သင်္ကြန်

29-Mar-2018 tagged as သင်္ကြန်
သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ မြို့နယ် အလိုက်မဏ္ဍပ်နှင့် ကုမ္ပဏီမဏ္ဍပ်များတွင် သန့်ရှင်းရေးဆောင်ရွက်ရန် ဝန်ထမ်းအင်အား ခြောက်ရာခန့်ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ မြို့နယ်အလိုက် မြို့နယ် ထွေ/အုပ်မဏ္ဍပ်များ ဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလ ယာဉ်မတော်တဆမှုနှင့် ထိခိုက်မှုများဖြစ်ပါက ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနတွင် လိုအပ်သည့် အခြေခံဆေးဝါးများ စုဆောင်းထားပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။
ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ် ၄၁ ခုသာ ဆောက်လုပ်ခွင့် လျှောက်ထားလာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှ တစ်ဆင့် အခြားမြို့များသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို သင်္ကြန်ကာလ၌ ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ကလေးမြို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။
မုံရွာမြို့၊ ချင်းတွင်းမြစ် ဇက်ဆိပ် သဲသောင်ခုံပေါ်တွင် ၇ ရက်ကြာကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာသင်္ကြန်ယဉ်ကျေးမှုကို ဖော်ဆောင်ထားသည့် သဲပန်းပုပြကွက်များကို ပြသမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံသား သဲပန်းပုပညာရှင် Mr Jo Oheng Tan က ပြောကြားသည်။
ရန်ကုန်သင်္ကြန်ပွဲကာလတွင် ရေသွယ်ကစားလိုသူများ မတ်လ၂၃ ရက်မှဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နောက်ဆုံးထား၍ ယာယီရေသွယ်နိုင်ရန် ခွင့်ပြုမိန့်လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်သင်္ကြန်တွင် စီးပွားရေး မဏ္ဍပ်များ ပါဝင်လာခြင်းကြောင့် လုံခြုံရေးနှင့် စည်းကမ်းပိုင်းကို တင်းကျပ်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့အင်အား လေးထောင်ကျော်ဖြင့် လုံခြုံရေးယူရန် စီစဉ်ထားကြောင်း ၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ် မန္တလေးမြို့တော်ဝန် (မြို့တော်မဟာသင်္ကြန်) မဏ္ဍပ်အသုံးစရိတ်ကို ယမန်နှစ်အသုံးစရိတ်အောက် ကျပ်သိန်း ၆၀၀ နီးပါး လျှော့ချသုံးစွဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်တွင်ယှဉ်ပြိုင်မည့် သံချပ်အသင်းများအနေနှင့် သံချပ်စာသားများကို စိစစ်ရေးတင်ရမည်ဖြစ်ကြောင်း သင်္ကြန်သံချပ်ပြိုင်ပွဲ စိစစ်ရေးကော်မတီ (မန္တလေး) ထံမှ သိရသည်။