News

POST TAGGED AS

သင်္ကြန်

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ သင်္ကေတေတစ်ခုဖြစ်သည့် သံချပ်အဖွဲ့များကို တနင်္သာရီတိုင်းဒေသကြီး ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခွင့်ပြုပေးမည် မဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။
သင်္ကြန်ကာလနှင့် ကျန်းမာရေး “မီးသတ်ပိုက်တွေနဲ့ပက်တာ၊ ရေရှိန်ပြင်းအားများတာတွေနဲ့ ပက်တဲ့အခါကျတော့ တချို့ဆို အရေပြားတွေစပ်တာ၊ ပြဲတာတွေအပြင် မျက်လုံးနဲ့ နားထိခိုက်တာတွေလည်း ရှိပါတယ်”
ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပမည့် အတာသင်္ကြန်ပွဲတော် ကာလတစ်လျှောက် လုံခြုံရေးကျိုးပေါက်မှု မရှိစေဘဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၇၀၀၀ ကျော်ကို အသုံးပြုမည်ဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကနောင်မင်းသားကြီးလမ်းရှိ ဘြကတသည အီလက်ထရောနစ်စက်ရုံမှ လုပ်သား ၁၅၀၀ ခန့်သည် သင်္ကြန်ပိတ်ရက် ၁၀ ရက် သတ်မှတ်ပေးရန် ဧပြီလ ၃ ရက်တွင် စတင်ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒပြ အလုပ်သမားများ ထံမှသိရသည်။
03-Apr-2018 tagged as သင်္ကြန် မဏ္ဍပ်
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ကျသည့် ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များကို ဧပြီ ၂ ရက်မှစတင်ကာ ဆောက်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း သင်္ကြန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်းအင်အား ငါးထောင်နီးပါးအသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
01-Apr-2018 tagged as ပြည် သင်္ကြန်
သင်္ကြန်​ကာလအတွင်း ပြည်မြို့ရှိ ရေကစားမဏ္ဍပ်များတွင် ရဲတပ်ဖွဲ့က လုံခြုံရေးများချထားပေးနိုင်မည်မဟုတ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးပြုံးလွင်က ပြောကြားသည်။
ဧပြီလ ၁၃ ရက်စတင်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကာလအတွင်း ရှမ်းပြည်နယ်မြို့နယ်များ၌ အများပြည်သူလုံခြုံရေးအတွက် ယခင်နှစ်ထက် ရဲအင်အားတစ်ထောင်ကျော် တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာန၌ ပုံမှန်ရက်များထက် ဝန်ထမ်းအင်အား နှစ်ဆနီးပါးတိုး၍ ဝန်ထမ်းတစ်ရာကျော် တာဝန်ချထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဒုတိယညွှန်ကြားရေးမှူး ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။
29-Mar-2018 tagged as သင်္ကြန်
ယခုနှစ်သင်္ကြန်ရက်များတွင် မွန်ပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်း ၇ လိုင်း ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲသွားမည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။