News

POST TAGGED AS

သင်္ကြန်

ပြည်လမ်းမပေါ်မှာတော့ Thingyan Music Festival – TMF၊ BlackJack မဏ္ဍပ်၊ God’s Theatre မဏ္ဍပ်၊ Barrack မဏ္ဍပ်၊ Welit မဏ္ဍပ်၊ Brave မဏ္ဍပ် စတဲ့ မဏ္ဍပ်တွေရှိမှာဖြစ်ပြီးတော့ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်မှာတော့ ဆီဒိုးနားဟိုတယ် ရေကစားမဏ္ဍပ်ရှိမှာ ဖြစ်ပါတယ်။
သင်္ကြန်ကာလအတွင်း ယာဉ်စီးခ နှုန်းထားများ ပိုမိုတောင်းခံပါက စားသုံးသူရေးရာ ဦးစီးဌာန သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (ဃှုဃဃ) များသို့ တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
05-Apr-2018 tagged as သင်္ကြန်
သင်္ကြန်ပွဲတော်ရက် မတိုင်ခင်နှင့် သင်္ကြန်အပြီးကာလများ၌ ခရီးသွားလာမှု များပြားသည့်အတွက် ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဧပြီလ ၁၀ ရက်တွင် သင်္ကြန် အထူးရထား စတင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (သတင်းနှင့် ပြန်ကြားရေးဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မုံရွာမြို့ရဲ့ ချောင်းသာသင်္ကြန်လို့ခေါ်လို့ရတဲ့ ချင်းတွင်းသင်္ကြန်ကို စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ ဒီနှစ်မှာတော့ ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သင်္ကြန်အကြိုကာလအတွင်း ခရီးသည်များ သွားလာမှုအဆင်ပြေစေရေးနှင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများက ယာဉ်စီးခပိုမိုကောက်ခံခြင်း ရှိ မရှိနှင့် စည်းကမ်းလိုက်နာခြင်း ရှိ မရှိကို ဧပြီလ ၂ ရက်နေ့မှစကာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ယခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ဆိုင်ကယ်စီးနင်းခြင်းကို ကန့်သတ်မည်ဖြစ်ကြောင်း ဒလမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပွဲတော်ရက်မတိုင်မီ တရားမဝင် အရက်ပုန်းများ ရောင်းချခြင်း၊ မူးယစ်ဆေးဝါးနှင့် လိင်စိတ်ကြွဆေးများ ရောင်းဝယ်သုံးစွဲခြင်းများ မရှိစေရန် အရက်ဆိုင်နှင့် ဆေးဆိုင်များကို စစ်ဆေးကြပ်မတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နေရပ်ပြန်မည့် အစိုးရဝန်ထမ်းများ ကားလက်မှတ် အဆင်ပြေစေရန် ယာဉ်တစ်စီးလျှင် ထိုင်ခုံငါးခုံ ချန်ထားပေးရန် စာထုတ်သတိပေးထားကြောင်း မန္တလေးတိုင်း အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များပါဝင်သည့် ဟိုထိုး ဒီထိုးရွှေလက်ညှိုး သံချပ်အဖွဲ့သည် မန္တလေးမြို့တော်သင်္ကြန်တွင် ဖျော်ဖြေပေးမည်ဖြစ်ကြောင်း အဆိုပါသံချပ်အဖွဲ့တွင် ပါဝင်သူများထံမှ သိရသည်။
04-Apr-2018 tagged as မန္တလေး သင်္ကြန်
မန္တလေးမြို့တော်ရှိ ကျုံးပတ်လည် လမ်းများကို မဟာသင်္ကြန်ကာလအတွင်း တစ်လမ်းမောင်းအဖြစ်သတ်မှတ်ထားပြီး ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။