News

POST TAGGED AS

သင်္ကြန်

ခရီးသည်တင်ယာဉ်ကို သေနတ်ဖြင့်ပစ်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို ဖမ်းမိ
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၇ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ်(၆၉၇) အနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခန့်က ခရီးသည်တင်ယာဉ်ကို သေနတ်ဖြင့်ပစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင်ကို ဖမ်းမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်လင်းခိုင်က ပြောကြားသည်။

“သေနတ်ပစ်ခံရတဲ့ ကားသမားက အမှုဖွင့်တိုင်ကြားခြင်းမရှိပေမယ့် တပ်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးကြည့်တော့ သူပစ်မှန်း ပေါ်ပေါက်ခဲ့တယ်၊ မနေ့ကညပိုင်းမှာပဲ ပြည်သူ့စစ်ခေါင်းဆောင်က သူတို့စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်။ ဒီကားမှာ မူးယစ်ဆေးဝါး ပါလာတယ်ဆိုပြီး သတင်းရလို့ တားရာကနေ မရပ်လို့ ပစ်တာလို့သိရပြီး ဒီဖြစ်စဉ်ကို အထက်အဆင့်ဆင့်ထံ တင်ပြထားပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းနောင်မြို့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ခရီးသည် ၆ ဦး တင်ဆောင်လာသော ခရီးသည်တင်ယာဉ်ကို ပြည်သူ့စစ်အဖွဲ့ဝင် လူးတာမှ M-16 သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနှင့် ကားတာယာတို့တွင် သေနတ်ကျည်ဒဏ်ရာ ငါးချက်ထိမှန်ခဲ့သော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US