News

POST TAGGED AS

သကြား

04-Sep-2018 tagged as တရုတ် ဆန် သကြား
တရုတ်နိုင်ငံဘက်၌ နယ်ခြားစောင့် တပ်အပြာင်းအလဲကြောင့် အဖမ်းအဆီးများရှိ၍ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆန်၊ သကြားများကို တရုတ်က အဝယ်ရပ်တန့်ထားကြောင်း ဆန်နှင့်သကြား ကုန်သည်များထံမှ သိရသည်။
ဒေါ်လာဈေးနှုန်းများ မြင့်တက်နေပြီး နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေသည့်အတွက် ပြည်ပမှ ဒေါ်လာနှင့် ဝယ်ယူတင်သွင်းပြီး ပြန်လည်တင်ပို့ခွင့် လိုင်စင် (Re-Export) ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် Re-Export အဓိကကုန်ပစ္စည်း သကြားဈေးနှုန်း မြင့်တက်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။
07-Aug-2018 tagged as သကြား
မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက နိုင်ငံတကာသကြားအဖွဲ့အစည်း (International Sugar Organization- ISO) သို့ ဝင်ရောက်ရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ စာတင်ခဲ့ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းထံမှ သိရသည်။
04-Jul-2018 tagged as မူဆယ် သကြား
ပြည်ပမှတင်သွင်းလာသော သကြားကို မြန်မာနိုင်ငံမှတစ်ဆင့်ခံကာ ပြည်ပသို့ပြန်လည်တင်ပို့မှု (Re-export) ကို အစိုးရက ပြန်လည်ခွင့်ပြုထားသော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဝယ်ယူမှုလျော့ကျနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။
တရုတ်ကုန်သည်များက သကြားကြမ်းကို ကြေညက်အောင် ထပ်မံအမှုန့်ကြိတ်၍ ဝယ်ယူလာသောကြောင့် ပြည်တွင်းသကြားဈေးမှာ ယခင်ကထက် အနည်းငယ်ပြန်တက်လာကြောင်း မူဆယ်ရှိ သကြားကုန်သည်များထံမှ သိရသည်။
27-May-2018 tagged as မူဝါဒ သကြား
သကြားနှင့်ပတ်သက်၍ မူဝါဒ အခိုင်အမာမရှိသောကြောင့် နိုင်ငံခြား သကြားစက်ရုံများက ပြည်တွင်းသကြားစက်များနှင့် အကျိုးတူဖက်စပ်လုပ်ရန် ဖျက်သိမ်းမှုများရှိကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။
04-Apr-2018 tagged as ဥပဒေ သကြား ကြံ
ကြံ၊ သကြား ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စစ်ဆေးပြင်ဆင်နေသည်မှာ ကြန့်ကြာနေသောကြောင့် အမြန်ဆုံးအတည်ပြုပေးရန် အစိုးရထံတောင်းဆိုထားကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
20-Sep-2017 tagged as သကြား
ပြည်ပမှ Re-Export စနစ်ဖြင့် သကြားတင်သွင်းခွင့်ကို စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ယာယီ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
01-Aug-2017 tagged as သကြား
သကြားတင်သွင်းခွင့် အနည်းငယ် တင်းကျပ်သည့် အခြေအနေများကြောင့် သကြားလိုင်စင် ပါမစ်ဈေးမှာ တစ်တန်ကို ယခင်ထက် ကျပ်တစ်သောင်းခွဲ ဈေးတက်သွားကြောင်း မြဝတီနယ်စပ်ရှိ သကြားကုန်သည်များထံမှ သိရသည်။