News

POST TAGGED AS

သံအမတ်

အမေရိကန်သံအမတ် ချင်းပြည်နယ်သို့ သွားရောက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး သံအမတ်ကြီး မာစီရယ်သည် ဇန်နဝါရီလ ၂၃ ရက်တွင် ချင်းပြည်နယ်သို့ ပထမဆုံး ခရီးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ အသိပညာပေး လုပ်ငန်း ဆောင်ရွက်နေသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်/ကျေး အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထိုသို့တွေ့ဆုံပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေး အမေရိကန် ပြည်ထောင်စုအနေနှင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများ၊ ကိစ္စရပ်များကို ဆွေးနွေး နားထောင်သွားမည်ဖြစ်ကြောင်း ယင်းသံရုံးထံမှ သိရှိရသည်။

J-02



FOLLOW US