News

POST TAGGED AS

သံအမတ်

ကန်တက်ကီပြည်နယ် နွားခြံမှာ မျက်နှာ နှစ်ခုပါတဲ့ နွားကလေး မွေးဖွား
အမေရိကန် ပြည်ထောင်စု ကန်တက်ကီပြည်နယ် အလယ်ပိုင်း မွေးမြူရေး ခြံတစ်ခုမှာ မျက်နှာ နှစ်ခုပါတဲ့ နွားကလေး မွေးတာမို့ ဧည့်သည်တွေ သွားရောက် လည်ပတ်မှု များပြား နေပါတယ်။

ကင်းဘဲလ်ဘီလီ ဒေသခံစတန်မက် ကက်ဘင်က ကနဦး အမြွှာရတယ်လို့ ထင်မိတယ်လို့ ပြောပြပါတယ်။ နောက်ပိုင်းမှ အမြွှာထက် ထူးခြားတဲ့မျက်နှာ နှစ်ဖက် နွားလေး ဖြစ်နေတာကို သိလိုက်ရပါသတဲ့။

မျက်နှာ နှစ်ဖက်ပါတဲ့ နွားကလေးဟာ အမလေး ဖြစ်ပြီး နှာခေါင်းက နှစ်ခု၊ ပါးစပ် နှစ်ပေါက်၊ မျက်လုံး လေးလုံး ပါရှိပါတယ်။

အလယ်က မျက်လုံး နှစ်လုံးဟာ အလုပ် ကောင်းကောင်း မလုပ်ပါဘူး။ နွားမလေးဟာ လမ်းလျှောက် နိုင်ပေမယ့် ချာလပတ် လည်နေပြီး ခဏခဏ လဲကျနေပါသတဲ့။

မျိုးရိုးဗီဇအရ ခုလိုမျိုး ထူးထူးခြားခြားတွေ မွေးတာမျိုး မကြာခဏ ကြုံရပြီး အသက်ရှည်လေတော့ မရှိပါဘူး။
ဒီနွားလေးဟာ အိန္ဒိယမှာသာ မွေးရင် အုတ်အော်သောင်းတင်း လာရောက် ပူဇော်ကြမှာ မြင်ယောင်မိပါသေးတယ်။ 
Ref : UPI 



FOLLOW US