News

POST TAGGED AS

သံအမတ်

ဝီကီလိခ်ဖော်ကောင် မန်းနင်းအထက်လွှတ်တော် အမတ်နေရာ အရွေးခံမည်
ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

အမေရိကန်သံရုံး ဆက်သွယ်မှုများ၊ ဗီဒီယိုနှင့် ဖုန်းမှတ်တမ်းများကို ဝီကီလိခ်သို့ ဖွင့်ချခဲ့သော ဘရက်ဒလေမန်းနင်း တစ်ဖြစ်လဲ ချဲလ်ဆီးမန်းနင်းသည် အထက်လွှတ်တော်အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပထမအဆင့်အဖြစ် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု အမတ်လောင်းနေရာ ယှဉ်ပြိုင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ထောက်လှမ်းရေး အချက်အလက် လေ့လာဆန်းစစ်သူအဖြစ် တာဝန်ယူခဲ့ဖူးသော မန်းနင်းသည် ဖွင့်ချက်ခဲ့မှုအတွက် သူလျှိုမှုအပါအဝင် အမှု ၂၀ ခန့် စွဲချက်တင်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။

လိင်ကွဲစိတ်ညွှတ်အခံရှိသော မန်းနင်းသည် ထောင်အတွင်းလိင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဘရက်ဒလေမန်းနင်းအဖြစ်မှ ချဲလ်ဆီးမန်းနင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။

သမ္မတအိုဘားမားလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လွတ်လာသော မန်းနင်းသည် မေရီလင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ အသက် ၃၀ ရှိပြီဖြစ်သည့် မန်းနင်းအနေနှင့် ဒီမိုကရက်တစ်ပါတီမှ လက်ရှိမေရီလင်းပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဘင်ကာဒင်ကို ဦးစားပေးယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလက ပြန်လွတ်လာခဲ့သော မန်းနင်းသည် မေရီလင်းပြည်နယ်တွင် ရွှေ့ပြောင်းအခြေချခဲ့ခြင်းဖြစ်သည်။

မန်းနင်းသည် လျှို့ဝှက်မှတ်တမ်းများ၊ ဆက်သွယ်မှုများကို မျှဝေခြင်းဖြင့် ၂၀၁၀ ပြည့်နှစ်တွင် အဖမ်းခံခဲ့ရသည်။

F-03



FOLLOW US