News

POST TAGGED AS

သံချပ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များပါဝင်သည့် ဟိုထိုး ဒီထိုးရွှေလက်ညှိုး သံချပ်အဖွဲ့သည် မန္တလေးမြို့တော်သင်္ကြန်တွင် ဖျော်ဖြေပေးမည်ဖြစ်ကြောင်း အဆိုပါသံချပ်အဖွဲ့တွင် ပါဝင်သူများထံမှ သိရသည်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ သင်္ကေတေတစ်ခုဖြစ်သည့် သံချပ်အဖွဲ့များကို တနင်္သာရီတိုင်းဒေသကြီး ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခွင့်ပြုပေးမည် မဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။
မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်တွင်ယှဉ်ပြိုင်မည့် သံချပ်အသင်းများအနေနှင့် သံချပ်စာသားများကို စိစစ်ရေးတင်ရမည်ဖြစ်ကြောင်း သင်္ကြန်သံချပ်ပြိုင်ပွဲ စိစစ်ရေးကော်မတီ (မန္တလေး) ထံမှ သိရသည်။
သီချင်း၊ သံချပ်များကို ကြိုတင်စိစစ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက်မတင်သည့် သံချပ်အဖွဲ့များအနေနှင့် မိမိတို့၏ သီချင်း၊ သံချပ်များကို တာဝန်ယူ၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် နှစ်စဉ်ကျင်းပသည့် မဟာသင်္ကြန် သံချပ်ပြိုင်ပွဲတွင် ဝင်ပြိုင်မည့် သံချပ်အသင်းများ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ယင်းအသင်းများထံမှ သိရသည်။