News

POST TAGGED AS

သဲမုန်တိုင်း

အိန္ဒိယတွင် သဲမုန်တိုင်းများဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးသူ ၁၂၅ ဦးထက်မနည်းရှိ


နယူးဒေလီ၊ မေ ၆

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် သဲမုန်တိုင်းများ ပြင်းထန်စွာတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ ၁၂၅ ဦးထက်မနည်း ရှိလာပြီဖြစ်ကာ ရာသီဥတုပိုမိုဆိုးရွားလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်ဟု BBC က ဖော်ပြသည်။

လေတိုက်နှုန်း ပြင်းထန်ပြီးမိုးကြိုးမုန်တိုင်းအသွင် ဖြစ်ပေါ်မှုကြောင့် ကျေးရွာအများအပြား ပျက်စီးခဲ့ရကာ နံရံများ ပြိုကျပြီး လူဒါဇင်ချီဒဏ်ရာရခဲ့သည်။

နှစ်ပေါင်း ၂၀ ဝန်းကျင်အတွင်း ယခုကဲ့သို့မုန်တိုင်းများကြောင့် သေဆုံးမှုမှာ ယခုတစ်ကြိမ်တွင် အမြင့်ဆုံးဖြစ်သည်ဟု ဥတာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးဆိုင်ရာမဟာမင်းကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။

လေတိုက်နှုန်းမှာ တစ်နာရီ ၁၃၂ ကီလိုမီတာ ဝန်းကျင်ရှိပြီး မိုးသီးမုန်တိုင်းများပါဖြစ်ပေါ်ခဲ့သလို မိုးကြိုးအကြီးအကျယ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အိန္ဒိယမိုးလေဝသဌာနက ယခု တစ်ပတ်ကုန်တွင် နောက်ထပ် ဧရိယာပိုကျယ်သောမုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးထားသည်။

ဥတာပရာဒေ့ရှ်နှင့် ရာဂျာ့စ်သန် ပြည်နယ်တို့တွင် မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပျက်တောက်ခဲ့သလို သစ်ပစ်များအမြစ်မှ ကျွတ်ထွက်ခဲ့ပြီးအိမ်များ၊ ကျွဲနွား များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

တာ့ဂ်ျမဟာအဆောက်အအုံရှိရာ ဥတာပရာဒေ့ရှ်ပြည်နယ်၊ အက်ဂရာခရိုင်မှာ အဆိုးဆုံးထိခိုက်သည့် နေရာဖြစ်သည်။ အနီးရှိရာဂျာ့စ်သန်ပြည်နယ်၊ အယ်လ်ဝါ၊ ဘာရတ်ပူရ်နှင့် ဒိုလ်ပူရ်ခရိုင်များတွင်လည်း ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည်။

သေဆုံးသူများ၏ မိသားစုဝင်များကို ရူပီး ၄၀၀၀ ဆီလျော်ကြေးပေးသွားမည်ဟု ပြည်နယ်အစိုးရကကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမှ အလားတူမုန်တိုင်းထိသည့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တွင်လည်း သေဆုံးသူအများအပြားရှိခဲ့သည်။

မုန်တိုင်းများမှာပုံမှန်ထက် ဆိုးဆိုးရွားရွားပြင်းထန်ခဲ့သောကြောင့် အာဏာပိုင်များပင် အံ့အားသင့်ခဲ့ရသည်။

F-03



FOLLOW US