News

POST TAGGED AS

သင်္ဘော

06-Aug-2016

ရခိုင် သင်္ဘော
ငွေကြေးမရှိသည့်အတွက် ရပ်နားထားသည့် သင်္ဘောများ မပြေးဆွဲနိုင်ခြင်း ဖြစ်ဟုဆို
စစ်တွေ၊ သြဂုတ် ၆

ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာ ရပ်နားထားသည့် ရေကြောင်းပို့ဆောင်ရေး သဘောင်္များ ပြန်လည်ပြေးဆွဲနိုင်ခြင်း မရှိသည်မှာ ငွေကြေးချို့တဲ့မှုကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဖြေကြားခဲ့သည်။

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၏ “ရခိုင်ပြည်နယ်အတွင်း ရပ်နားထားသည့် ပြည်တွင်းရေကြောင်းများ မည်သည့်ခုနှစ်တွင် ပြန်လည်ပြေးဆွဲမည်ကို သိရှိလိုကြောင်း” မေးမြန်းချက်ကို ရခိုင်ပြည်နယ် လမ်ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ယင်းသို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။

“ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးမှာ နိုင်ငံတော်အစိုးရ ဘက်ဂျက်မှ ခွဲထွက်ပြီး ကိုယ်တိုင်ငွေကြေးဖြင့် သုံးစွဲနေရခြင်း ဖြစ်သဖြင့် ငွေကြေးချို့တဲ့သည့် အတွက်ကြောင့် လိုအပ်ချက်များကို လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ရေယာဉ်သစ်များ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ သံပြားများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် ရေယာဉ်သစ် တည်ဆောက်ရန် ဆွေးနွေးနေပါကြောင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း ပင်လယ်ပြင် ဖြတ်သန်းသွားရသည့် ကျောက်ဖြူ၊ မြေပုံ၊ တောင်ကုတ် ခရီးလမ်းများအတွက် အဆင့်မီရေယာဉ် ရရှိရေးမှာ ယခုလက်ရှိအခြေအနေအရ ငွေကြေးနှင့် ပံ့ပိုးပစ္စည်းများကို စုဆောင်းဆဲ အခြေအနေသာ ရှိသေးသဖြင့် ပြေးဆွဲနိုင်မည့် ခုနှစ်နှင့် အချိန်ကို အတိအကျ ပြောနိုင်ခြင်း မရှိကြောင်း” ဝန်ကြီးက ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံ စသည့် မြို့များသို့ ယခင်က အောင်တံခွန် သဘောင်္များဖြင့် ပြေးဆွဲနေခဲ့သော်လည်း ၂၀၁၅ ခုနှစ် မတ်လအတွင်း ခရီးသည် အများအပြား သေဆုံးခဲ့ရသည့် အောင်တံခွန် (၃) သဘောင်္နစ်မြုပ်ခဲ့ချိန်မှ စတင်ပြီး ပြေးဆွဲခြင်း မရှိခြင်းအတွက် အခက်တွေ့နေရကြောင်း မြေပုံမြို့မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

အစိုးရ သင်္ဘောများ ပြေးဆွဲခြင်း မရှိသည့်အတွက် ကုန်ပစ္စည်းများ သယ်ယူရာတွင် စားရိတ်မြင့်မားမှုများဖြင့် တွေ့ကြုံနေကြရပြီး အခြေခံလူတန်းစားများ အနေဖြင့် ပုဂ္ဂလိက အမြန်ယာဉ်များဖြင့် သွားလာရန် အခက်တွေ့နေရကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။




FOLLOW US