News

POST TAGGED AS

သင်္ဘော

28-Oct-2016

ပုသိမ် သင်္ဘော
ပုသိမ်မြို့အထွက် င၀န်မြစ်ထဲတွင် သင်္ဘောနှင့် ဆန်တင်စက်လှေ တိုက်မိ
ပုသိမ်၊ အောက်တိုဘာ ၂၈

ပုသိမ်မြို့မှ ငပုတောမြို့ဖက်သို့ မောင်းနှင်လာသော ဧရာဝတီတိုင်းဒေသကြီးအတွင်း အခမဲ့နယ်လှည့် ဆေးကုသမှုပေးနေသည့်  Swimming Doctor 3 သဘောင်္နှင့် ဆန်အိတ်များ တင်ဆောင်လာသည့် စက်လှေတို့ ယနေ့နံနက် ၁၁နာရီအချိန်ခန့်က တိုက်မိခဲ့ကြောင်း ဒေသခံများနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ထံမှ သိရသည်။

“ပုသိမ်မြို့အထွက် င၀န်မြစ်အတွင်း မျိုးချစ်ဆန်စက်ရှေ့လောက်မှာ တိုက်မိခဲ့တာပါ၊စက်လှေပေါ်ပါ သူတွေကတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှု မရှိပါဘူး၊ဆန်အိတ်တွေကတော့ ဆုံးရှုံးပြီး စက်လှေလည်း နစ်သွားတယ်လို့ သိရပါတယ်၊အမှုကို ဆက်လက်စစ်ဆေးနေဆဲပါ”ဟု ပုသိမ်နယ်မြေရဲစခန်းမှ စခန်းမှူးက ပြောပြသည်။

စက်လှေပေါ်တွင် အမျိုးသား(၁၁)ဦး လိုက်ပါလာပြီး အသက်ဆုံးရှုံးမှုမရှိကြောင်း(၆)ဦးမှာ ပုသိမ်ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း၊ ဆန်စက်လှေတွင် ဆန်အိတ် ၁၆၀ ကျော် တင်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိတွင် ရေစိုဆန်အိတ်(၃၀)ကို ပြန်လည် ဆယ်ယူရရှိထားပြီး ရေယာဉ်မဆင်မခြင် မောင်းနှင်သူများအား ပုသိမ်နယ်မြေ ရဲစခန်းမှ (ပ)၃၉၄/၂၀၁၆၊ပုဒ်မ-၂၈၀/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပုသိမ်နယ်မြေရဲစခန်းထံမှ သိရသည်။



FOLLOW US