News

POST TAGGED AS

သူလျှိုဟောင်း

ဆာလစ်ဗျူရီအဆိပ် လုပ်ကြံမှုပြဿနာ တင်းမာမှုကြောင့် မျက်မှောက်ခေတ်ကာလတွင် လှံလှံချင်း၊ ဓားဓားချင်း အကြီးမားဆုံး လက်တုံ့ပြန်မှုအဖြစ် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံတမန်များကို ရုရှားက နှင်ထုတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်မြေပေါ်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုပြဿနာနှင့် ပတ်သက်၍ ရုရှားသံတမန် ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နှင်ထုတ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပယ်နှင့် သမီးဖြစ်သူတို့အား အဆိပ်ဖြင့်လုပ်ကြံမှုနောက်ကွယ်တွင် ရုရှားပါဝင်ပတ်သက်နိုင်ခြေများသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက တနင်္လာနေ့တွင် ပါလီမန်သို့ ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ရုရှားနှစ်ဖက်ချွန် သူလျှိုနှင့် ၎င်း၏သမီးတို့ အဆိပ်ခတ်ခံရသည့် မြို့သို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ညစ်ညမ်းစေနိုင်သည့် ပစ္စည်းများကို ဖယ်ရှားရန် ဗြိတိန်နိုင်ငံ လုပ်ဆောင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တွင် ခိုလှုံနေသော ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်းနှင့် အတူအဆိပ်ခတ်ခံခဲ့ရသော သမီးဖြစ်သူမှာ ပစ်မှတ်ထား သတ်ဖြတ်ရလောက်အောင် မည်သည့်အရာမှ လုပ်ခဲ့သူမဟုတ်ကြောင်း မိတ်ဆွေတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။