News

POST TAGGED AS

သူရဦးရွှေမန်း

လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် သက်တမ်း ထပ်တိုးရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားကိုယ်စားလှယ်များပါ ကန့်ကွက်ခဲ့သည်။
သတင်းမီဒီယာသမား အပါအဝင် အင်တာနက် အွန်လိုင်းသုံးစွဲသူများကို ခြိမ်းခြောက်နေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆( ဃ)နှင့်ပတ်သက်၍ စွပ်စွဲခံရသူကို အာမခံ မပေးခြင်းမှာ မဖြစ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NLD ပါတီသို့ ကူးပြောင်းလာရန် တင်ပြထားခြင်း မရှိကြောင်း NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သတင်းထုတ်ပြန်ခြင်း မရှိဘဲ တိတ်တဆိတ် သွားရောက်လျက်ရှိကြောင်း The Voiceက စုံစမ်းသိရှိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌ တာဝန်ယူထားသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်သည် သက်တမ်း ထပ်တိုးရန် လွှတ်တော်သို့ တင်ပြချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း ထောက်ခံမဲ များ၍ သက်တမ်း ထပ်တိုးလိုက်သည်။