News

POST TAGGED AS

သူပုန်

ဆီးရီးယားသူပုန်များ နောက်ဆုံးခံတပ်စခန်းများမှ ဆုတ်ခွာပေးကြရပြီ


ဒမတ်စကတ်၊ မတ် ၂၅

အစိုးရတပ်များက ဒမတ်စကတ်မြို့ အပြင်ဘက်နေရာများကို ထိန်းချုပ်ရန်အတွက် ထိုးစစ်များ ပြန်လည်ဆင်နွှဲနေချိန်တွင် သူပုန်များမှာ အရေးနိမ့်လျက်ရှိပြီး အရှေ့ပိုင်းဂိုတာဒေသတွင် တစ်မြို့ပြီး တစ်မြို့လက်လွှတ်ရလျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဘတ်စ်ကားများပေါ်တွင် တိုက်ခိုက်ရေးသမားများ၊ ၎င်းတို့ မိသားစုဝင်များနှင့် အခြားပြည်သူများက အဆိုပါဧရိယာများကို စွန့်ခွာထွက်ပြေးလျက်ရှိရာ ဒူမာမြို့သည်သာ နောက်ဆုံးသူပုန်ဧရိယာဖြစ်သွားခဲ့သည်။ 

အစိုးရတပ်များနှင့် ဒေသခံသူပုန် အုပ်စု၊ ဖေလက်အယ်ရာမန် အုပ်စုတို့ သဘောတူညီမှုတစ်ရပ် ဖန်တီးကာတိုက်ပွဲဒေသများအတွင်း ရောက်ရှိနေသူများကို ဖယ်ထုတ်နေခြင်းဖြစ်သည်။ 

ဂိုတာဒေသအရှေ့ပိုင်း၏ ၇၀ရာခိုင် နှုန်းကို အစိုးရက ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ 

ရုရှားစစ်တပ်က အထောက်အပံ့ပြုထားသော ဆီးရီးယားစစ်တပ်က ပြီးခဲ့သည့်လအတွင်း သူပုန်ထိန်းချုပ်သောဒေသကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာတွင် လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်များက အရှေ့ပိုင်းဂိုတာဒေသကို အစိုးရတပ်များက အပိုင်းပိုင်းအဆက်ဖြတ်ခဲ့ကာ သူပုန်များကို ညှိနှိုင်းရန် ဆုတ်ခွာရန်အတွက် ဖိအားပေးခဲ့သည်။ 

နေရာရွှေ့ပြောင်းရေးကို စနေနေ့ကတည်းက စတင်နေပြီး ဘတ်စ်ကားကြီးများသည် အပျက်အစီးများ၊ မပေါက်ကွဲသေးသောလက်နက်ကြီးများမိုင်းများ ရှိနေသောဒေသမှ တဖြည်းဖြည်း ပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ 

အစိုးရနှင့် ရရှိထားသော သဘောတူညီချက်များအရ တိမ်းရှောင်ထွက်ခွာ သွားသူများသည် သူပုန်ထိန်းချုပ်ရာ အစ်ဒ်လစ်ပြည်နယ်ထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။ 

တနင်္ဂနွေနေ့အထိ ဆက်လက်ထွက်ခွာမှုများ ရှိနေဦးမည်သည်။ အစိုးရတပ်များသည် အခြားသူပုန်အဖွဲ့ကိုလည်း မြို့တစ်မြို့ကို ပြန်လည်ပေးအပ်ရန်အတွက် ညှိနှိုင်းလျက်ရှိသည်။ 

သူပုန်များက စွန့်ပစ်ထားခဲ့သော မြို့များအတွင်းသို့ အစိုးရတပ်များနယ်မြေအတွင်း ဝင်ရောက်ရှင်းလင်းနေသည့် ရုပ်ပုံများစွာလည်း အစိုးရမီဒီယာတွင် ဖော်ပြထားသည်။

F-02



FOLLOW US