News

POST TAGGED AS

သူနာပြု

16-Mar-2017

သူနာပြု
ဆန္ဒပြသူနာပြုအချို့ ဖိအားပေးခံရ
ရန်ကုန်၊ မတ် ၁၆

သူနာပြုရပ်ဝန်း ဖိနှိပ်ခံရမှုများအပေါ် ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ မတ်လ ၁၅ ရက်နေ့က သူနာပြု ငါးရာကျော် ဆန္ဒဖော်ထုတ်ခဲ့သည့်အပေါ် ဖိအားပေးမှုများ ရှိနေကြောင်း သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ထံမှ သိရသည်။

သူနာပြုများ လိုင်စင်မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရာ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် လုံခြုံမှုမရှိတော့ဟူသော ကိစ္စရပ်နှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့က သူနာပြုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်းပြည့်နီးပါး ဆန္ဒထုတ်ဖော်ခဲ့သည်နှင့် စပ်လျဉ်း၍ ဖိအားပေးမှုများ ရှိခြင်းဖြစ်ကြောင်း ရန်ကုန်သူနာပြုတက္ကသိုလ်၊ သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့၏ စတုတ္ထနှစ် အတန်းခေါင်းဆောင် မအေးမိစံက ပြောကြားသည်။

“တက္ကသိုလ်က ဌာနမှူးက ဖိအားပေးတာတွေ ရှိတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ မိဘအိမ်တွေကို ဖုန်းဆက်ပြီးတော့ တိုင်တာတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့” ဟု ၎င်းက ရှင်းပြသည်။

ကျောင်းခေါ်ချိန်မပြည့်ပါက စာမေးပွဲမဖြေရခြင်း၊ အပြင်၌  ဆန္ဒပြရာတွင် ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကို တာဝန်မယူကြောင်း၊ မင်နီတားခံရခြင်းများ၊ ကျောင်းထုတ်ခံရခြင်းတို့ ဖြစ်နိုင်ကြောင်းကို အဆိုပါ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်၏ မိဘများထံသို့ ဖုန်းဆက်ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခဲ့သည်နှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း ယင်းရှင်းလင်းပွဲသို့ ဆန္ဒပြ သူနာပြုများ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

J-12



FOLLOW US