News

POST TAGGED AS

သူနာပြု

09-Dec-2016

သူနာပြု
သူနာပြုများ ယူနီဖောင်းပြောင်းရန် ညှိနှိုင်းနေဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုများကို တာဝန် ထမ်းဆောင်နေစဉ် အချိန်တွင် ထမိန်ဝတ်ဆင်ခြင်းမှ ဘောင်းဘီရှည်ဝတ်ဆင်ရန် ညှိနှိုင်းနေကြောင်း ကုသရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ သူနာပြုများ၏၀တ်စုံပြောင်းလဲခြင်းကို လတ်တလောတွင် ဆွေးနွေးနေဆဲဖြစ်ပြီး အတည်မပြုသေး ကြောင်း ကုသရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လွတ်လွတ်လပ်လပ်ရှိတယ်။ သွားရလာရပိုပေါ့ပါးတယ်။ ထမိန်ဆို ပြေးရင်းလွှားရင်း ကျွတ်ကျမလား စိတ်ပူနေရမယ်။ အင်္ကျီကလည်း ကျပ်ရင် နေရခက်မှာစိုးလို့တောင် ပွပွလုပ်ပေးထားတယ်” ဟု ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆေးရုံစီမံခန့်ခွဲရေးဆောင်ရွက်သူတစ်ဦးကဆိုသည်။

သူနာပြုကောင်စီ၊ သူနာပြုတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းများနှင့် ယူနီဖောင်းပြောင်းလဲရေးအတွက် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


  • VIA


FOLLOW US