News

POST TAGGED AS

သီဟတင်စိုး

အမှန်တစ်ကယ် အဓမ္မပြုကျင့်ခံခဲ့ရသော်လည်း ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးမည်ပြော၍ သရုပ်ဆောင် သီဟတင်စိုးက မုဒိမ်းမကျင့်ခဲ့ဟု ထွက်ချက်ပေးခဲ့ရကြောင်း အိမ်အကူ မခင်မာမြင့်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးရှိ တွဲဖက်တရားသူကြီးရှေ့တွင် အစစ်အဆေးခံရာ၌ ထွက်ဆိုခဲ့သည်။
သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသော အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး၏ အမှုကို ပိတ်သိမ်းရန် ဥပဒေ အကြုံပြုချက် ရရှိထားပြီး ယင်းအမှုကို တရားလိုပြု တိုင်ကြားခဲ့သူ အိမ်အကူ မခင်မာမြင့်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ထပ်မံ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးထံမှ သိရသည်။
အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော အသက် ၄၀ နှစ် အိမ်အကူ အမျိုးသမီးမှာ လွန်ခဲ့သည့် သုံးလကျော်က ပဲခူးမြို့တွင် အမျိုးသားတစ်ဦးကို ယင်းဖြစ်စဉ်ကဲ့သို့ မုဒိမ်းမှုဖြင့် တရားစွဲဆိုထားမှုရှိကြောင်း ပဲခူး အမှတ် (၃) ရဲစခန်းမှူးက ပြောကြားသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးအား မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော အသက် ၄၀ နှစ်အမျိုးသမီးတစ်ဦးကို မနက်ဖြန် (ဇူလိုင်လ ၁၆ ရက်)တွင် ဆေးစစ်ချက်ယူမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ပြောသည်။