POST TAGGED AS

သီတင်းကျွတ်

သီတင်းကျွတ်ကာလ ရုံးပိတ်ရက်အတွင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း ခရီးသွား ဧည့်သည် သိန်းနှင့်ချီ ဝင်ရောက်ခဲ့ကြောင်း ပုဂံ ဧည့်လမ်းညွှန်များအသင်းနှင့် ပုဂံဒေသခံများထံမှ သိရသည်။
ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကာလ ရောက်ခါးနီပြီဆိုတာနဲ့ မီးထွန်းပွဲတော်ရဲ့ အငွေ့အသက်တွေဟာ မြို့ပြရော၊ ကျေးလက်ပါမကျန် ပျံ့နှံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေအိမ်ရှေ့တွေမှာ ချိတ်ဆွဲ ထွန်းညှိမယ့်သူတွေအတွက် အလှဆင်မီးပုံးတွေ၊ ကလေးသူငယ်တွေအတွက် တွန်းလှည်းမီးပုံးလေးတွေ စသည်ဖြင့် ရွေးချယ်စရာတွေ ပေါများလှပါတယ်။ မန္တလေးမြို့ပေါ်က ရောင်စုံမီးပုံးလေးတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
05-Oct-2017 tagged as သီတင်းကျွတ်
“ဘူးသီးကြော် ဝယ်စားတော့ ဆီသန့်ကြော်လို့ ဈေးကြီးတယ် ပြောတယ်။ ဘူးသီးကြော်နည်းနည်းလေးကို ၇၀၀၀ တောင်ယူတယ်။ နောက်ဆုံးအဆင့် ၃၅၀၀ လောက် ယူတယ်ဆိုရင်တောင် သူတို့ တော်တော်မြတ်နေပြီ။ ကောက်ညှင်းကျည်တောက်ဆို အရင်နှစ်တွေက သုံးခုဆို ငါးရာ၊ ဒီနှစ်ဆို နှစ်ခုငါးရာတောင် အပိုင်းသေးသေးတွေပဲ ရတယ်”
04-Oct-2017 tagged as သီတင်းကျွတ်
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျင်ချောင်းထဲ၌ ပြိုင်ပွဲဝင် တက်ပျံယိမ်း၊ တက်ခုတ်ယိမ်းများ သာမက ဖြေဖျော်ရေး ဖောင်များကို လာရောက် ကြည့်ရှုသည့် ပရိသတ်များမှာ ချောင်းထဲမှ စက်လှေများဖြင့်လည်းကောင်း၊ ကမ်းနံဘေးတွင် ပွဲတော်လာ ပရိသတ် သောင်းနှင့်ချီသည်။ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးသော မဏ္ဍပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုနေကြသည့် ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ပရိသတ်မှာလည်း သောင်းချီရှိကာ တိုးဝှေ့ရင်း နှစ်စဉ် ချောင်းထဲ ပြုတ်ကျသူများလည်း ရှိသည်။ သို့သော် အားလုံးနီးပါး က ရေကူးကျွမ်းကျင်ကြသည်။