News

POST TAGGED AS

သီတဂူဆရာတော်

25-Aug-2016

ပုဂံ
ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြင်ဆင်ထိန်းသိမ်းရေး အသေးစိတ်အစီအစဉ်များညှိနှိုင်းရေးဆွဲလျက်ရှိ

ယမန်နေ့(သြဂုတ် ၂၅ ရက်) ညနေ ၅ နာရီကျော်က လှုပ်ခတ်သွားခဲ့သည့်ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ပြည်လည်ပြင်ဆင်ထိန်းသိမ်းရေး အသေးစိတ်အစီအစဉ်များညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ အသေးစိတ်အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနရှိ ဗိသုကာအင်ဂျင်နီယာအဖွဲ့ကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ယနေ့(သြဂုတ် ၂၅ ရက်)တွင် စေလွှတ်ထားပြီး ယူနက်စကိုအဖွဲ့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အသေးစိတ်အစီအစဉ်များ ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


  • VIA


FOLLOW US