News

POST TAGGED AS

သိပ္ပံကျောင်း

စစ်တွေနှင့် ဟားခါးတွင် အား/ကာသိပ္ပံကျောင်းများ ထပ်ဖွင့်မည်


မန္တလေး၊ မေ ၂၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း အား/ ကာသိပ္ပံကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ အားကစားနှင့် ကာယပညာသိပ္ပံတွင် မေလ ၂၇ ရက်နေ့က ပြုလုပ်သော လူငယ်နှင့်အားကစား ပြည်သူ့စကားဝိုင်းတွင် ၎င်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“စစ်တွေကတော့ အဆောက်အအုံတွေ ဆောက်နေပြီ။ ဟားခါးကတော့ မြေနေရာရှာထားပြီ။ နောက်နှစ်လောက်မှ ဖွင့်နိုင်မယ်”ဟု မန္တလေးအား/ကာသိပ္ပံ ကျောင်းအုပ်ကြီးက ရှင်းပြသည်။

ယင်းကျောင်းများတွင် လူဦးရေ ၁၅၀ စီလက်ခံကာ အားကစားနည်း ၁၀ မျိုး သင်ကြားပို့ချပေးမည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မုံရွာနှင့် လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားပြီး အားကစားနှင့်ပညာရေး ပေါင်းစပ်သင်ကြားပေးနေခြင်းဖြစ်သည်။

အဆိုပါကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို တစ်ရက်လျှင် ကျပ် ၂၅၀၀ ခန့် အသုံးပြုကာ နံနက်စာ၊ နေ့လယ်စာ၊ အားဖြည့်စာ၊ ညစာ၊ ညလယ်စာဟု သတ်မှတ်ကျွေးမွေးနေသည့်အပြင် နေရေးနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ထောက်ပံ့ပေးကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ 

M-07



FOLLOW US