News

POST TAGGED AS

သိန်းထွန်း (IR)

ဥပဒေစိုးမိုးရေးမှာ ဘယ်အချိန် ဥပဒေစိုးမိုးမှု ရှိရမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ဥပဒေစိုးမိုးရေး ဖြစ်ဖို့ရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေစိုးမိုးရေးလား၊ အချိန်တိုင်းအတွက် ဥပဒေစိုးမိုးရေးလား။ ဥပဒေစိုးမိုးရေးမှာ မျှတစွာကျင့်သုံးဖို့၊ မျှတစွာ လိုက်နာစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ဒါမှသာလည်း ဥပဒေကို လိုက်နာသူများအတွက် တရားမျှတမှု ရှိပါလိမ့်မယ်။
နိုင်ငံတော်ကတော့ ဝန်ထမ်းများ အဆင်ပြေစေရေး လစာတိုးပေးပါတယ်။ အထူးကျေးဇူးတင်ရပါတယ်။ သို့ပေမယ့် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းက တိုးလာတဲ့လစာကို ကျော်တက်သွားပါတယ်။ ဝန်ထမ်းတွေမှာတော့ မြင်သာမြင်ရ မကြင်ရတဲ့ဘဝပါ။ ဒီတော့ ပြည်သူများရဲ့ နေ့စဉ်ဘဝတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လိုနေပါပြီ။ ရေတိုစီးပွားရေး၊ ရေရှည်စီးပွားရေး အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်နေပါတယ်။