POST TAGGED AS

သားသတ်လုပ်ငန်း

ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ် အင်ပင်အုပ်စု အင်ပင်ကျေးရွာ မြန်အောင် - အင်ပင်ကားလမ်းမဘေးရှိ သားသတ်လုပ်ငန်းတစ်ခုမှာ သတ်မှတ် ကောင်ရေထက် ကျော်လွန် သတ်ဖြတ်သဖြင့် အရေးယူမည်
စည်ပင်သာယာရေးကော်မတီများက ဆောင်ရွက်နေသည့် သားသတ်လိုင်စင်စနစ်ကို ဖျက်သိမ်း၍ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ရွာသာကြီး၊ စည်ပင်သာယာရေးဦးစီးဌာန(သားသတ်လုပ်ငန်း) မှ လွတ်မြောက်ခဲ့ပြီး လမ်းပေါ်သွားလာနေသူများကို ချို ဖြင့်ခတ်ခဲ့သည့် သုံးနှစ်အရွယ် ကျွှဲပေါက်မအား ဘေးမဲ့တောတွင် ဇီဝတဒါနပြု လွှတ်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ရွာသာကြီး၊ စည်ပင်သာယာရေး ဦးစီးဌာန(သားသတ်လုပ်ငန်း)မှ ထိန်းသိမ်းထားသည့် ကျွဲတစ်ကောင်မှာ လွတ်သွားပြီးနောက် လမ်းပေါ် သွားလာနေသူများကို လိုက်လံခတ်ခဲ့သောကြောင့် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆိုင်ကယ်နှစ်စီးနှင့် ဆိုက္ကားတစ်စီး ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်မြို့ရှိ သားသတ်လုပ်ငန်းတစ်ခုမှ ထွက်သည့် အမဲသွေးခဲများတွင် ကင်ဆာရောဂါနှင့် အရေးပြားယားယံသည့်ရောဂါ ဖြစ်ပေါ်စေသော မော်မလင် အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ လုပ်ငန်းရှင်ကို အမဲသွေးခဲထုတ်လုပ်ခြင်း ခြောက်လပိတ်သိမ်းအရေးယူထားကြောင်း