News

POST TAGGED AS

သားဖွားနှင့်မီးယပ်ပညာ

ဝေးလံခေါင်ဖျားသည့် ဒေသများ နှင့် သားဖွားဆရာမ လက်လှမ်းမမီသေးသည့် ဒေသများတွင် အရန် သားဖွားဆရာမများ၏ လုပ်ပိုင်ခွင့်ကို တိကျစွာပြဋ္ဌာန်းပေး ရန်လိုအပ်ကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်) သို့ တင်သွင်းသည့် သုတေသန စာတမ်းအရ သိရသည်။
မိခင်နှင့်ကလေး သေဆုံးမှု လျှော့ချရန် သားဖွား ဆရာမများကို အရည်အသွေး မြှင့်တင်ခြင်းကို မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ သားဖွားနှင့် မီးယပ်ပညာ အဖွဲ့နှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သားဖွားနှင့် မီးယပ်ပညာ အဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာ မြသီတာက ပြောကြားသည်။